မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး အန်တိုနီ ကို ပေါင် ၈၆ သန်းနဲ့ ခေါ်ယူခဲ့မှုဟာ ကစားသမားရဲ့ အေးဂျင့်တွေ ကြား အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။ အန်တိုနီရဲ့ အေးဂျင့်ကြေး ပေါင် ၂ဝ ကို အေးဂျင့်တွေကြား ခွဲယူဖို့ အဝေမတည့် ဖြစ်နေကြတာပါ။

အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့ မပိတ်ခင်လေးမှာ ဘာစီလိုနာမှ ဖာရန်တောရက်စ် ကို ခေါ်ယူဖို့ ယူရို သန်း ၃ဝ နဲ့ ကမ်းလှမ်းခဲ့သေးပြီး နည်းပြဇာဗီက ပယ်ချခဲ့တယ် လို့ သိရပါတယ်။

ချယ်ဆီးအသင်းဟာ စီးရီးအေကလပ် Spezia အသင်းထံ အမ်ပဒူ ကို အငှားစေလွှတ်ခဲ့ပြီး အသက် ၂၁ နှစ် အရွယ် ကစားသမားကို ဗဟိုခံစစ်မှာ ထား ကစားစေဖို့ပါ တောင်းဆိုခဲ့ကြောင်း သတင်းထောက် ရိုမန်နို က ဖော်ထုတ်ခဲ့ပါတယ်။ ဒါကြောင့် တစ်နှစ်ကြာလို့ ချယ်ဆီးထံ ပြန်လာရင် အမ်ပဒူဟာ ဗဟိုခံစစ်မှာ ပွဲထုတ်ခံရဖွယ် ရှိပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန် ဒဏ်ရာ ရသွားခဲ့ပေမယ့် ပြီးခဲ့တဲ့ တစ်လကြာ မကစားနိုင်ခဲ့တဲ့ သီယေဂို အယ်ကန်တာရာက ဒီတနင်္လာနေ့မှာ အသင်းနဲ့ အတူ ထရိန်နင် ပြန်ဆင်းနေပြီ လို့ သိရပါတယ်။

ဖီးလ် ဂျုံးစ်ဟာ မန်ချက်စတာ ယူနိုက်တက် အဝတ်လဲခန်းကနေ ကန်ထုတ်ခံလိုက်ရပြီ ဖြစ်ပြီး ကစားသမားသစ်တွေ အတွက် နေရာပေးဖို့ ဖြစ်ကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ပြလာပါတယ။ ကာရင်တန် ထရိန်နင် ကွင်းဟာ ကစားသမား ၂၄ ယောက်စာ အတွက်ပဲ ရှိတာကြောင့် ဂျုံးစ်ဟာ U23 အသင်းနဲ့ သွားရောက် ပူးပေါင်းရမှာပါ။

နယူးကာဆယ် အသင်းဟာ ပေါ်တို ဂိုးသမား ဒီယေဂို ကော်စတာကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး ဇန်နဝါရီ မှာ လှုပ်ှရားလာဖွယ် ရှိပါတယ်။ လက်ရှိ ဈေးကွက် ပေါက်ဈေး ယူရို ၂၅ သန်း တန် ကစားသမားဟာ စာချုပ် ဖျက်သိမ်းကြေးကတော့ ယူရို သန်း ၆ဝ ရှိပါတယ်။

ချယ်ဆီးက ရိစ် ဂျိမ်းစ်ကို စာချုပ်သစ် ချုပ်ပြီးတဲ့နောက် မေဆန်မောင့် ကို သက်တမ်းတိုး စာချုပ်သစ် ချုပ်ရန် ဆက်လက် လုပ်ဆောင်နေပါတယ်။