လီဗာပူးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် ပွဲဦးထွက် အဖြစ် စီးရီးအေကလပ် နာပိုလီ အသင်း ကို အဝေးကွင်းမှာ စတင် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ နာပိုလီနဲ့ လီဗာပူးအသင်းတို့ ပွဲစဉ်ဟာ ဒီနေ့ည ၁း၃ဝ နာရီ မှာ၊ နာပိုလီ အခြေစိုက်ရာ နေပယ်မှာ ယှဉ်ပြိုင်ကြမှာပါ။

အင်္ဂလန် နာမည်ကြီး သတင်းဌာနတွေ ဖြစ်တဲ့ ဘီဘီစီနဲ့ ဒေးလီးမေးလ်တို့မှ ကလောင်ရှင် တစ်ဦး ဖြစ်သူ ခရစ်ဆက်တန် က ဒီည နာပိုလီ – လီဗာပူး ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ဆက်တန်က ” နာပိုလီဟာ ဒီရာသီ စီးရီးအေမှာ ၅ ပွဲလုံး မရှုံးသေးဘဲ အင်အား တောင့်တင်းတဲ့ အသင်းဖြစ်ပါတယ်။ ကလော့ပ်ရဲ့ အသင်းကတော့ ပြည်တွင်းမှာ နွံနစ်နေပြီး သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဘယ်သူတွေကို ရွေးချယ်မလဲ ဆိုတာက စိတ်ဝင်စားစရာ ကောင်းမှာပါ။

ဆာလာရဲ့ သွင်းဂိုးတွေက ခမ်းခြောက်နေခဲ့ပါတယ်။ နာပိုလီနဲ့ ပွဲမှာ သူ့ကို အနားပေးလိုက်ရင် ဒီယက်ဇ်၊ နူးညက်စ်နဲ့ ဂျိုတာတို့ အခွင့်အရေး ရလာမှာလား။

အဲဗာတန်နဲ့ပွဲမှာ အနည်းငယ်သာ ပျော်ရွှင်ခဲ့ရတဲ့ ကွင်းလယ်အတွက် ဘယ်သူတွေကို အသုံးချမလဲ။ ဒါက လီဗာပူး အတွက် ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်ပြီး ပုံစံကောင်းရနေတဲ့ နာပိုလီက သူတို့ကို ပြဿနာတွေ ပေးမယ်လို့ ထင်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ် ကတော့ နာပိုလီ ၁-၁ လီဗာပူး ဖြစ်ပါတယ်။