လီဗာပူးအသင်းဟာ ဒီရာသီအစမှာ မတည်မငြိမ် ဖြစ်ခဲ့ပေမယ့် လုံးဝ ခြေချော်သွားတာတော့ မဟုတ်သေးဘဲ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်နိုင်သေးတယ်လို့ တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ပြောဆိုလိုက်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ၆ ပွဲအပြီးမှာ ကလော့ပ်ရဲ့ အသင်းဟာ စီးတီးနဲ့ ၅မှတ်၊ အာဆင်နယ်နဲ့ ၆ မှတ် ကွာဟပြီးနေပါပြီ။

“ လီဗာပူးက သာမန်အဆင့် စတင်မှုကို ရရှိခဲ့တယ်။ လက်ရှိ ပရီးမီးယားလိဂ် လိဂ်မှာ မန်စီးတီးကို အကျောပေးထားလို့ မကောင်းပေမယ့် ပြန်ပြင်လို့ မရတဲ့အရာတော့ မဟုတ်ပါဘူး။ ညတွင်းချင်းတော့ ဆိုးရွားတဲ့ အသင်းတစ်သင်းကို ပြောင်းလဲလို့ မရနိုင်ပါဘူး။

လီဗာပူးအသင်းက ပြန်လာပါလိမ့်မယ်။ ဒါပေမယ့် တခြားအသင်းတွေနဲ့ အလှမ်း အရမ်းမကွာသွားခင် လုပ်နိုင်ဖို့တော့ လိုအပ်ပါတယ် ” လို့ အိုဝင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ အေဂျက်အသင်းကို ၂-၁ နဲ့ အနိုင်ရခဲ့တာဟာ လီဗာပူးအသင်း တိုးတက်လာအောင် တည်ဆောက်ဖို့ အခြေခံကောင်း တစ်ခု ဖြစ်စေလိမ့်မယ်လို့ လည်း တိုက်စစ်မှူးဟောင်း အိုဝင် က ယုံကြည်နေပါတယ်။

လီဗာပူးအသင်းဟာ ဒီတစ်ပတ် ချယ်ဆီးနဲ့ အဝေးကွင်းပွဲကို ဖျက်သိမ်းခံခဲ့ရပြီးနောက် နိုင်ငံတကာ သီတင်းပတ် ဖြစ်တာကြောင့် အောက်တိုဘာ ၁ ရက် မတိုင်ခင်အထိ ပွဲတွေ ကစားရဖို့ မရှိသေးဘဲ အသင်း အခြေအနေ ကို ပြောင်းလဲနိုင်စွမ်း ရှိနေပါတယ်။

Zawgyi

လီဗာပူးအသင္းဟာ ဒီရာသီအစမွာ မတည္မၿငိမ္ ျဖစ္ခဲ့ေပမယ့္ လံုးဝ ေျခေခ်ာ္သြားတာေတာ့ မဟုတ္ေသးဘဲ ပရီးမီးယားလိဂ္ ဖလားကို စိန္ေခၚႏိုင္ေသးတယ္လို႔ တိုက္စစ္မႉးေဟာင္း မိုက္ကယ္အိုဝင္က ေျပာဆိုလိုက္ပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္ ၆ ပြဲအၿပီးမွာ ကေလာ့ပ္ရဲ႕ အသင္းဟာ စီးတီးနဲ႔ ၅မွတ္၊ အာဆင္နယ္နဲ႔ ၆ မွတ္ ကြာဟၿပီးေနပါၿပီ။

“ လီဗာပူးက သာမန္အဆင့္ စတင္မႈကို ရရွိခဲ့တယ္။ လက္ရွိ ပရီးမီးယားလိဂ္ လိဂ္မွာ မန္စီးတီးကို အေက်ာေပးထားလို႔ မေကာင္းေပမယ့္ ျပန္ျပင္လို႔ မရတဲ့အရာေတာ့ မဟုတ္ပါဘူး။ ညတြင္းခ်င္းေတာ့ ဆိုး႐ြားတဲ့ အသင္းတစ္သင္းကို ေျပာင္းလဲလို႔ မရႏိုင္ပါဘူး။

လီဗာပူးအသင္းက ျပန္လာပါလိမ့္မယ္။ ဒါေပမယ့္ တျခားအသင္းေတြနဲ႔ အလွမ္း အရမ္းမကြာသြားခင္ လုပ္ႏိုင္ဖို႔ေတာ့ လိုအပ္ပါတယ္ ” လို႔ အိုဝင္က ေျပာပါတယ္။

ျပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စုပြဲမွာ ေအဂ်က္အသင္းကို ၂-၁ နဲ႔ အႏိုင္ရခဲ့တာဟာ လီဗာပူးအသင္း တိုးတက္လာေအာင္ တည္ေဆာက္ဖို႔ အေျခခံေကာင္း တစ္ခု ျဖစ္ေစလိမ့္မယ္လို႔ လည္း တိုက္စစ္မႉးေဟာင္း အိုဝင္ က ယုံၾကည္ေနပါတယ္။

လီဗာပူးအသင္းဟာ ဒီတစ္ပတ္ ခ်ယ္ဆီးနဲ႔ အေဝးကြင္းပြဲကို ဖ်က္သိမ္းခံခဲ့ရၿပီးေနာက္ ႏိုင္ငံတကာ သီတင္းပတ္ ျဖစ္တာေၾကာင့္ ေအာက္တိုဘာ ၁ ရက္ မတိုင္ခင္အထိ ပြဲေတြ ကစားရဖို႔ မရွိေသးဘဲ အသင္း အေျခအေန ကို ေျပာင္းလဲနုိင္စြမ္း ရွိေနပါတယ္။