ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေ အတွက် မဲခွဲမှုကို ဒီနေ့ ညနေမှာ ပြုလုပ်သွားခဲ့ရာ ပွဲကောင်းတွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီအဆင့်မှာ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်တို့ ထိပ်တိုက်တွေ့မှုကလည်း စိတ်ဝင်စားစရာ ဖြစ်သလို ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဆုံခဲ့ကြတဲ့ ပြိုင်ဘက်ဟောင်းတွေ ဖြစ်တဲ့ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ် တို့ကလည်း စောင့်ကြည့်ရမယ့် ပွဲ ဖြစ်ပါတယ်။

အင်္ဂလန် ကလပ်တွေထဲမှာ မန်ချက်စတာ စီးတီးကတော့ လိုက်ပ်ဇစ်နဲ့ တွေ့ဆုံနေပြီး ဟာလန်းနဲ့ အတူ ခြေတက်နေတဲ့ စီးတီးတို့ နောက်တစ်ဆင့်အတွက် အလားအလာကောင်းတွေ ရှိနေပါတယ်။

မဲခွဲမှု ရလဒ် အပြည့်အစုံကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ဘရုဂျက် – ဘင်ဖီကာ

လီဗာပူး – ရီးရဲလ်မက်ဒရစ်

လိုက်ပ်ဇစ် – မန်စီးတီး

အေစီမီလန် – တော့တင်ဟမ်

ဖရန့်ဖတ် – နာပိုလီ

ဒေါ့မွန် – ချဲလ်ဆီး

အင်တာမီလန် – ပေါ်တို

ပီအက်စ်ဂျီ – ဘိုင်ယန်မြူးနစ်

ဒီရှုံးထွက်အဆင့် ပွဲစဉ်တွေကို ဖေဖော်ဝါရီလထဲမှာ ပထမအကျော့၊ မတ်လထဲမှာ ဒုတိယအကျော့ အဖြစ် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။