မန်ချက်စတာ ယူနိုက်တက်ရဲ့ မနေ့ညက လိဒ်စ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကတော့ ၂-၂ ရလဒ်နဲ့ သရေ ကျသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဦးဆောင်ဂိုး ၂ဂိုး အရင် ခွင့်ပြုပြီးမှ နောက်က ချေပဂိုးတွေ လိုက်သွင်းခဲ့ရတာပါ။
ယူနိုက်တက် အတွက် ချေပဂိုးတွေကို တိုက်စစ်မှုး ရက်ဖိုဒ့်နဲ့ ဆန်ချိုတို့ က သွင်းယူပေးခဲ့တာပါ။ စက်တင်ဘာလ နောက်ပိုင်း သွင်းဂိုးမရခဲ့သလို လူစာရင်းကနေပါ ပျောက်ကွယ်နေတဲ့ ဆန်ချိုက လူစားဝင်လာပြီး သွင်းဂိုး ရယူပေးခဲ့တယ်။
ဒီဂိုးက ဆန်ချိုအား ယုံကြည်မှုပိုင်း ရစေဖို့ တန်ဟက်က မျှော်လင့်ပေမယ့် ပိုကောင်းတဲ့ စိတ်ဓာတ်၊ ယုံကြည်ချက်မျိုး ရှိစေလိုနေပါတယ်။
တန်ဟက်က ” ကျနော်က ခြားနားတဲ့ ပေါက်ကွဲကစားမှုကို လိုချင်ပါတယ်။ ဒီအခြေအနေမှာ ကျနော်တို့က ပွဲအတွင်း အဲ့လို ကစားနိုင်တာ မရှိပါဘူး။ ကံကောင်းစွာပဲ သွင်းဂိုး ၂ ဂိုးတော့ ပြန်ရခဲ့ပါတယ်။
သူပြန်ကစားလာနိုင်တာ မြင်ရတာအတွက် အရမ်း ပျော်ပါတယ်။ သူက ထူးချွန်တဲ့ ကစားသမားဆိုတာ ကျနော် သိပါတယ်။ တည်ငြိမ်တဲ့ ခြေစွမ်းမျိုး ဆန်ချိုဘက်က ဆက်တိုက် ပြနိုင်မယ်ဆိုရင် ကြီးမားတဲ့ သက်ရောက်မှုပါပဲ။ ဒါပေမယ့် သူ ကြိုးစားဖို့ လိုပါတယ်။ ဒါကပဲ သူပိုပြီး အားထုတ်ဖို့ လှုံ့ဆော်မှု ဖြစ်ပါလိမ့်မယ်။
သူ ကစားနေတာကို မြင်ရတာ ကျနော် တကယ်ကို ပျော်မိပါတယ်။ သွင်းဂိုးက သူ့ကို သန်မာလာစေပါလိမ့်မယ်။ ဒါဘီပွဲ ကစားဖို့ဆိုရင် ခြားနားတဲ့ ခံယူချက်လိုပါတယ်။ ပွဲအစကတည်းက အဆင်သင့်ဖြစ်နေဖို့နဲ့ တာဝန်ယူမှုရှိဖို့ လိုအပ်ပါတယ်။ စိန်ခေါ်ပွဲတွေကို အနိုင်ယူရပါမယ်။
သူ့အတွက်ကော အသင်းအတွက်ပါ ပျော်မိပါတယ်။ ဆန်ချိုက မှန်ကန်တဲ့ ဦးတည်ချက်တွေ ရှိနေပြီး ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ကျနော်တို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ရေး တကယ်ကို ကူညီပေးနိုင်ပါလိမ့်မယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။