အာဆင်နယ်အသင်းဟာ မနေ့ညက ဘရန့်ဖို့ဒ်ကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားရာ ၁-၁ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။
နည်းပြ အာတီတာကတော့ မနေ့ညက ဘရန့်ဖို့အသင်းရဲ့ ချေပဂိုးဟာ လူကျွံဘော ဖြစ်နေတယ် လို့ ယုံကြည်နေပြီး ဒိုင်တွေကို မကျေနပ်ချက် ဖွင့်ဟသွားခဲ့သလို သူ့အသင်း ၂မှတ်လျော့ခဲ့ကြောင်း မချိတင်ကဲ ဆိုခဲ့ပါတယ်။
ထရိုဆက် သွင်းဂိုးနဲ့ အာဆင်နယ် ဦးဆောင်ထားခဲ့ပေမယ့် သိပ်မကြာခင်ဘဲ အိုင်ဗန် တိုနေးက ဘရန့်ဖို့ဒ် အတွက် ဂိုးသွင်းခဲ့တာပါ။
ထိုသွင်းဂိုးမှာ အီသန် ပင်းနော့ လူကျွံခဲ့တယ်လို့ စစ်ဆေးခဲ့သလို နော့ဂတ် ကျွံခဲ့တယ် ဆိုတဲ့ သုံးသပ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။
အာတီတာ က ” ကျနော် အဲဒီဂိုးကို ပြန်ကြည့်ထားပါတယ်၊ အဲဒါက လူကျွံနေတာပါ၊ သေချာတယ်။ ကင်မရာတွေနဲ့ ရုပ်ပုံတွေကို ကြည့်ရဖို့ စောင့်နေပါပြီ။ အရေးယူတာကပဲ စည်းမျဉ်းတွေ ကွဲပြားနေတာလား ကျနော်လည်း မသိဘူး။ အခုကတော့ နောက်ကျသွားပြီပေါ့။ ဂိုးက ခွင့်ပြုလိုက်တယ်၊ ကျနော်တို့ နှစ်မှတ်လျော့သွားတယ်။
ကျနော်တို့က ပွဲပြီးတိုင်း ပရီးမီးယားလိဂ်နဲ့ ပွဲကို အမြဲ သုံးသပ်နေကြပါ။ ကျနော်တို့ အမြင်တွေ ထောက်ပြချင်တာတွေ ပေးပါတယ်။ ဒါပေမယ့် (ရလဒ်ကို ပြောင်းနိုင်လောက်အောင်) အချိန်တော့ မမှီဘူးပေါ့။
သူတို့က နောက်ရက်မှာ ဖြေရှင်းချက် ပေးကောင်းပေးပါလိမ့်မယ်။ ဒီနေ့တော့ မသိရဘူးပေါ့။ ခံစစ် ကစားတဲ့ အခါမှာ ဘယ်စည်းမျဉ်းတွေ သက်ရောက်တယ် သေချာသိထားမှ အဲဒါတွေ အတိုင်း ကစားနိုင်မှာပါ။ စည်းမျဉ်းတွေ ချက်ချင်း ပြောင်းချလိုက်ရင် ကျနော်တို့လည်း ကစားပုံကို ပြောင်းရမှာလေ။
ဒီတော့ အပြောင်းအလဲတွေ ရှိရင် စည်းမျဉ်းတွေ ပြောင်းတယ် ဆိုရင်လည်း ကြိုပြောကြပေါ့ဗျာ။ ” လို့ ခနဲ့ပြီး ပွဲအပြီးမှာ ပြောဆိုသွားပါတယ်။