အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဘရန့်ဖို့ဒ်ကို ၁-၁ သရေကျသွားတဲ့ပွဲမှာ VAR အမှားကြောင့် လူကျွံနေတဲ့ အနေအထားကနေ ချေပဂိုးကို ခွင့်ပြုခဲ့ရကာ အနိုင် ၃ မှတ်ပြည့် မရဘဲ နစ်နာခဲ့ရပါတယ်။

ထိုဂိုးမှာ VAR ဒိုင် လီမေဆန်က လူကျွံအတွက် လိုင်းဆွဲ စစ်ဆေးဖို့ မေ့လျော့ခဲ့ပြီး ထိုအဖြစ်အပျက် ပေါ်ထွက်လာတာ ကြောင့် လူအမှားပါလို့ ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ PGMOL က အာဆင်နယ် အသင်းအား ပြန် တောင်းပန်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ ဥက္ကဌ ဟောင်းဝပ်ဒ်နဲ့ ပြောဆိုတဲ့ပြီးတဲ့နောက် တောင်းပန်စကကားလည်း ရခဲ့တာကြောင့် ကျေနပ်နိုင်သလား ဆိုတဲ့ အမေးကို အာဆင်နယ် နည်းပြ အာတီတာက အခုလို တုန့်ပြန်ခဲ့တာပါ။

” ကျနော်ကတော့ သူတို့ ၂မှတ် ပြန်ပေးမှ ကျေနပ်နိုင်မှာပေါ့။ ဒါပေမယ့် အဲဒီလိုကတော့ မဖြစ်လာနိုင်ဘူးလေ။ သူတို့ စိတ်ရင်းနဲ့ သေချာ ရှင်းပြ တောင်းပန်ပေးတာတွေ ကောင်းပါတယ်။ အမှတ်ပေးဇယားမှာ ရှိနေသင့်တဲ့ ၂ မှတ် လျော့သွားတဲ့ ကိစ္စကတော့ ချေဖျက်မသွားနိုင်ဘူးပေါ့။

အဲဒီပွဲပြီးတော့ ပုံတွေ ဗီဒီယိုတွေ ကြည့်ပြီး သက်သေတွေ အားလုံးမြင်တွေ့ချိန်မှာ ကျနော်တို့ သိပ်စိတ်ဆိုး စိတ်ပျက် ခဲ့ရတယ်။ လူသားတစ်ယောက်ရဲ့ အမှား ဆိုပေမယ့် ကိုယ့်အလုပ်ကို ဒီလို လုပ်သွားတာက လက်ခံနိုင်စရာ မရှိဘူးလေ။ ဆောရီးပဲဗျာ။

ဒီအမှားက အာဆင်နယ်ကို ၂ မှတ်လျော့သွားစေခဲ့တယ်။ ဒါကလည်း ပြန် မရတော့ဘူး။ ဒီ၂မှတ်ကို တခြားပွဲတွေကနေပဲ ရှာရတော့မှာ။ ဒါပေမယ့် တောင်းပန်လာတာကို အသိအမှတ်ပြုပါတယ်။ ဖြေရှင်းချက်တွေ ပေးလာတာကိုလည်း အသိအမှတ် ပြုတယ်။

ဒါမှပဲ တရားမျှတမှု ဆိုတာတော့ ရှိသေးပါလား မြင်သာတာလေ။ နောက်ပြီး ဘောလုံးလောကထဲက အချင်းချင်း စာနာမှုတွေလည်း အများကြီး ရပါတယ်။ ” လို့ အာတီတာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။