အာဆင်နယ် က အိမ်ကွင်းမှာ မန်စီးတီးကို ၃-၁ ဖြင့် အရေးနိမ့်တဲ့ပွဲအပြီးမှာ အပိုင် အခွင့်အရေးတွေ လွဲခဲ့တဲ့ ဂန်းနား တိုက်စစ်မှုး အန်ကတ်တီးရား ဟာ သုံးသပ်သူတွေကြားမှာ ဝေဖန်ခြင်းတွေ ခံနေခဲ့ရပါတယ်။

ဒီဘရိုင်း၊ ဂရီလစ်နဲ့ ဟာလန်းတို့က သွင်းဂိုးတွေ ရယူခဲ့တာဖြစ်ပြီး အာဆင်နယ်ဘက်က ဆာကာက ခြေပဂိုး တစ်ဂိုး ပြန်ယူခဲ့တာပါ။ ဒါပေမယ့်လို့ ဒီဘရိုင်းရဲ့ ဦးဆောင်ဂိုး မတိုင်ခင်မှာ ရွှေအခွင့်အရေး တစ်ကြိမ်ကို ဇင်ချန်ကိုက ဖန်တီးပေးခဲ့ပေမယ့် အန်ကတ်တီးရား အဆုံးမသတ်နိုင်ခဲ့ပါဘူး။

အန်ကတ်တီးရားက ပွဲချိန် ၈၉ မိနစ်မှာလည်း အခွင့်အရေးကောင်း ရခဲ့သေးပြီး နောက်တစ်ကြိမ် ထပ်လွဲခဲ့ပါသေးတယ်။

ပရီးမီးယားလိဂ်နဲ့ နယူးကာဆယ် တိုက်စစ်မှုးဟောင်းကြီး အလန်ရှီးယားကတော့ အန်ကတ်တီးရား အပေါ် စာနာစွာ ဖေးမသွားခဲ့ပါတယ်။

အလန်ရှီးယားက ‘ သူ ( အန်ကတ်တီးရား) က သေချာ ချိတ်ဆက်မှု မရခဲ့ဘူး။ သူ ခေါင်းတိုက်ဖို့ ကြိုးစားပေမယ့် ပုခုံးနဲ့ပဲ တိုက်မိခဲ့တယ် ထင်ပါတယ်။ အန်ကတ်တီရားကတော့ ဒီည အိပ်ပျော်မှာကို မဟုတ်တော့ပါဘူး။

ဒါပေမယ့် သူ ကိုယ့်ရဲ့ အမှားကို ပြင်ဆင်ဖို့အတွက် အချိန်ရပါတယ်။ ၃ ရက်အကြာမှာ ယှဉ်ပြိုင်ရမယ့် နောက် ပရီးမီးယားလိဂ ပွဲ မှာ သူ ဂိုးပြတ်သွင်းနိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒီကျရင် ဒီနေ့ အမှားကို ပြန်သတိရတော့မှာ မဟုတ်ပါဘူး။ ’ လို့ လို့ ပြောဆိုခဲ့ ပါတယ်။

ညက နိုင်ပွဲရလိုက်တာကြောင့် မန်စီးတီးဟာ တစ်ပွဲပိုကစားထားပြီး ရမှတ် ကွာဟချက် အသာဖြင့် ပရီးမီးယားလိဂ်ကို ဦးဆောင်သွားခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်ကတော့ ပရီးမီးယားလိဂ်မှာ ၃ ပွဲ ဆက် နိုင်ပွဲ ပျောက်ကာ ချန်ပီယံ ခြေလှမ်းတွေ ယိမ်းယိုင်လာခဲ့ပါပြီ။