လီဗာပူးအသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ် မှာတော့ လန်ဒန်ကလပ် တစ်သင်း ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲချိန်ကတော့ ဒီနေ့ည/ တနင်္ဂနွေ နံနက် အစောပိုင်း ၂း၁၅ နာရီမှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဂုရု တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ခရစ္စတယ်ပဲလေ့စ်နဲ့ လီဗာပူး ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ပဲလေစ့်က တန်းဆင်းဇုန်ထိ ကျဆင်းသွားမယ် ထင်ပါတယ်။ သူတို့ အိမ်ကွင်းမှာ လီဗာပူးကို အနိုင်ယူခြင်းလို ကြီးကြီးမားမား ရလဒ်ကောင်းရဖို့ လိုအပ်နေတယ်။ လာမယ့် အပတ်တွေမှာ သူတို့ ပွဲကောင်းတွေ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး သူတို့ကို တန်းဆင်းဇုန်နား အရောက်ပို့မယ့် အသင်းတွေပါပဲ။

ပြီးခဲ့တဲ့ အပတ်တုန်းက နယူးကာဆယ်ကို ရင်ဆိုင်ကစားခဲ့တဲ့ပွဲမှာ လီဗာပူး ကစားတာကို ကြည့်ရင် နစ်ပုပ် အနီကတ်နဲ့ ထွက်သွားတယ်လို့တောင် သိမှာ မဟုတ်ဘူး။ ၁၀ ယောက်ကျန် အသင်းကို သူတို့ ယှဉ်ပြိုင်နေတယ်လို့ ထင်စရာကို မရှိပါဘူး။

မိနစ် ၆၀ ကျော်လောက်ကို ၁ ယောက်လျော့ အသင်းနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် လီဗာပူးတို့ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။

ဒီအပတ် ပွဲမှာ ပဲလေစ့်က ခံစစ်နဲ့ ကစားပါလိမ့်မယ်၊ ပြီးရင် လီဗာပူးကို ထိုးနှက်လိမ့်မယ်။ ပဲလေစ့်မှာ ဗီနီဆီးယက်စ်လို ထိပ်တန်း ကစားသမား မရှိပေမယ့် လီဗာပူးက သူတို့ကို စိတ်ပူရမှာပါ။ ပဲလေစ့်ရဲ့ တောင်ပံတွေမှာ လီဗာပူးလို အသင်းကို ဒုက္ခပေးနိုင်တဲ့ ကစားသမားတွေ ရှိနေပါတယ်။

မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို လုပ်နိုင်မယ်ဆိုရင် ဗီအဲရာရဲ့ အသင်းသားတွေက လီဗာပူးကို ဒုက္ခပေးနိုင်ပါတယ်။ ” လို့ ပေါမာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ပြောသွားတဲ့ ခန့်မှန်းရလဒ် ကတော့ ပဲလေစ့် ၁-၁ လီဗာပူး ဖြစ်ပါတယ်။