လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဒီအပတ် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် ယူနိုက်တက်နဲ့ ပွဲ မတိုင်ခင်မှာ သူ့အသင်းက ခြေစွမ်းကောင်း အချို့ကို ပြန်ရလာနိုင်ခြင်းအပေါ် ကျေနပ်နေပါတယ်။ လီဗာပူးဟာ ကြားရက်က ဝုဗ်နဲ့ ပွဲမှာ ၂-ဝ နဲ့ အနိုင်ရခဲ့ပါတယ်။

ထိုပွဲမှာ ဒါဝင် နူးညက်စ်ရဲ့ သွင်းဂိုးကို VAR က ပယ်ဖျက်ခဲ့တာဟာ အငြင်းပွားစရာ ဖြစ်ပေမယ့် ဗန်ဒိုက်၊ ဆာလာတို့ရဲ့ သွင်းဂိုးတွေကြောင့် မာဆေးဆိုဒ်ကလပ်ဟာ အနိုင် ၃ မှတ် ရရှိခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ လက်ရှိ အမှတ်ပေးဇယားမှာ ရမှတ် ၁၀ မှတ် ထိ ကွာဟနေတာ ဖြစ်ပါတယ်။

ဒီတစ်ကြိမ် အန်ဖီးကွင်းမှာ တွေ့ဆုံရာမှာတော့ ယခင်ရာသီတွေကလို လီဗာပူးက အနိုင်ရဖို့ ရေပန်းစားအသင်း ဖြစ်နေမယ် မသေချာတော့ပါဘူး။ ဒါပေမယ့် လီဗာပူးက ပြိုင်ဘက်ကို ခက်ခဲအောင် လုပ်သွားမှာ ဖြစ်ကြောင့် ကလော့ပ်က အသိပေးခဲ့ပါတယ်။

” နောက်ပွဲက ပုံစံကောင်းတွေ ရနေတဲ့ အသင်းတစ်သင်းကို ရင်ဆိုင်ရမယ့် ပွဲကြီးတစ်ပွဲ ဖြစ်ပါတယ်။ ကျနော်တို့ အဆင်သင့်ဖြစ်နေပါပြီ။ မန်ချက်စတာ ယူနိုက်တက်ကို ပြင်းထန်တဲ့ တိုက်ခိုက်မှု ပေးသွားမှာပါ။ ” လို့ ယာဂင်ကလော့ပ်က သတိပေးစကား ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် ရှုံးပွဲ မရှိထားသလို ထိုပွဲတွေမှာ ခံစစ် က ပေးဂိုး လုံးဝ မရှိတဲ့ လီဗာပူးဟာ ဒီကာလတွေအတွင်း ၃ ပွဲထိ အနိုင်ရထားတာပါ။ ဒါကြောင့် ကြားက ရီးရဲလ်နဲ့ ချန်ပီယံလိဂ် ပွဲမှာ အန်းဖီးကွင်းမှာတင် ၅ ဂိုးထိပေးကာ ရှုံးခဲ့ရတာကြောင့် လီဗာပူး ခြေစွမ်းက မှန်းရခက်နေဆဲ ဖြစ်ပါတယ်။

လတ်တလော ကာရာဘောင်း ချန်ပီယံ ဖြစ်ထားသလို အက်ဖ်အေဖလားမှာ ကွာတားဖိုင်နယ်ထံ တက်ရောက်သွားတဲ့ မန်ချက်စတာ ယူနိုက်တက်ကလည်း အကောင်းဆုံး ခြေစွမ်းပြမှာ ဖြစ်တာကြောင့် ဒီအပတ် အန်းဖီးမှာ မြိုင်ဆိုင်တဲ့ ပွဲကောင်း တစ်ပွဲ မြင်ရဖို့ ရှိနေပါတယ်။