ဒီအပတ် တနင်္ဂနွေနေ့မှာ ကလော့ပ်ရဲ့ အသင်းဟာ လက်တလော ကာရာဘောင်း ချန်ပီယံ ဖြစ်ထားသလို အက်ဖ်အေဖလားမှာ ကွာတားဖိုင်နယ်ထံ တက်ရောက်သွားတဲ့ ယူနိုက်တက်နဲ့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ရမှာပါ။

လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ အမှတ်ပေးဇယားမှာ ရမှတ် ၁၀ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ် အန်ဖီးကွင်းမှာ တွေ့ဆုံရာမှာတော့ ယခင်ရာသီတွေကလို လီဗာပူးက ရေပန်းစားအသင်း ဖြစ်နေမယ် မသေချာတော့ပါဘူး။

ခရစ်ဆက်တန်ကတော့ ” မန်ချက်စတာ ယူနိုက်တက် က ဗုဒ္ဓဟူးနေ့က ဝက်စ်ဟမ်းနဲ့ အက်ဖ်အေ ဖလားပွဲမှာ အတော် ခက်ခဲခဲ့တယ်။ ဒါပေမယ့် ကာဆီမီရိုနဲ့ မားကပ် ရက်ဖို့ဒ်ကို ထည့်လိုက်တဲ့ အခါမှာ ပွဲက အခြေအနေ ပြောင်းသွားခဲ့တယ်၊ လုံးဝ အရှိန်တက်သွားတယ်။

လီဗာပူးက လောလောဆယ်မှာ အဲဒီလို အခြေအနေကို ပြောင်းလဲနိုင်စွမ်း ရှိပုံ မရပါဘူး။ မတူတဲ့ အကြောင်းပြချက်တွေနဲ့ အဆိုးဘက်က၊ အကောင်းဘက်ကနေ ဒီနှစ်သင်းလုံးဟာ ရာသီအစတည်းက စလို့ မယုံနိုင်စရာ ပြောင်းလဲနေတာပါ။

ယာဂင်ကလော့ပ်ရဲ့ အသင်းက ပေးဂိုး မရှိ clean sheets ထိန်းထားနိုင်တာ နှစ်ပွဲ ရှိခဲ့ပြီ။ ခရစ္စတယ် ပဲလေ့စ်နဲ့ ဝုဗ်နဲ့ ပွဲတွေပါ။ ဒီလို ဂိုး မပေးရတာ သူတို့အတွက် အရေးကြီးတယ် ဆိုပေမယ့် အဲဒီ နှစ်သင်းလုံးက သိပ် တိုက်စစ်ကောင်းတဲ့ အသင်းတွေ မဟုတ်တာကြောင့် သိပ်ကြီး ထည့်ပြောဖို့ မလိုပါဘူး။ ဟုတ်တယ် မလား။

လီဗာပူးက ပြီးခဲ့တဲ့ လကလည်း အဲဗာတန်ကို နိုင်တဲ့ ပွဲနဲ့ ၁ဝ ယောက် နယူးကာဆယ်ကို ကန်တဲ့ ပွဲတွေမှာ ဂိုးမပေးခဲ့ရပါဘူး။ နောက်ကျ ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ ဂိုးပြတ် ရှုံးပါရော။

ဒီလို တွေးမိတော့ လီဗာပူးအသင်းဟာ ဒီတနင်္ဂနွေနေ့မှာ ရက်ဖို့ဒ်ကို ထိန်းထားနိုင်မယ် မထင်ဘူး။ သူတို့က ကွင်းလယ်မှာ စိုးမိုးခံရမှာ ဖြစ်သလို ခံစစ်ကလည်း အားနည်းချက်တွေ ရှိနေတယ်။ ယူနိုက်တက်က ဒါကို အခွင့်ကောင်း ယူသွားမှာပါ ” ဆိုပြီး ပြောဆိုပါတယ်။

ဒီပွဲမှာ မန်ယူနိုက်တက်က လီဗာပူးကို ၂-၁ ဖြင့် အနိုင်ရမယ်လို့ ဆက်တန်က ခန့်မှန်းခဲ့သေးတာ ဖြစ်ပါတယ်။