ဒီအပတ်မှာ အက်ဖ်အေဖလား ကွာတားဖိုင်နယ် အဆင့် ပွဲစဉ်တွေ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပြီး ဒီပွဲစဉ်တွေ အတွက် ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်ရဲ့ သုံးသပ် ခန့်မှန်းချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် v ဖူလ်ဟမ်

မန်ချက်စတာ ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်မှာ အတားအဆီးလေးတွေ ကြုံနေရပုံပါ။ ကာဆီမီရိုက ပွဲပယ် ခံထားရပြီ။ သူ ဆောက်သမ်တန်နဲ့ ပွဲမှာ အနီကတ် ပြခံရပြီး ၄ ပွဲပယ် ပြစ်ဒဏ် စခံရတာက ကျေနာ် နည်းနည်း စိတ်ပူမိတယ်။

ဒါပေမယ့် ဖူလ်ဟမ်ကလည်း ဒီပွဲကို စိတ်ပျက်စရာ ရလဒ်အချို့နဲ့ ရောက်လာမှာပါ။ ပြီးခဲ့တဲ့ အပတ်က အာဆင်နယ်က သူတို့ကို အပြတ် ချေမှုန်းပစ်ခဲ့တယ်။ သူတို့ အတော် ခြေကုန်လက်ပန်း ကျနေလောက်ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်ချက်စတာ ယူနိုက်တက် 2-1 ဖူလ်ဟမ်

မန်စီးတီး v ဘန်လေ

မန်ချက်စတာစီးတီး နည်းပြ ပက် ဂွာဒီယိုလာက အက်ဖ်အေဖလား ပွဲတွေမှာ လျှော့ပေါ့ ကစားလေ့ မရှိတာကြောင့် ဒီပွဲမှာလည်း တောင့်တင်းတဲ့ အသင်းကို ပွဲထုတ်လာမှာပါ။

ဘန်လေက ချန်ပီယံရှစ်မှာ ၁၃ မှတ် ဖြတ်ထားနိုင်တဲ့ အသင်း ဖြစ်ပါတယ်။ သူတို့က ပွဲရလဒ်ကောင်းတွေတင် ရယူနိုင်တာ မဟုတ်ဘဲ ဘောလုံး ကိုလည်း ကောင်းကောင်း ကစားနေတာပါ။ ဒီပွဲက အပြန်အလှန် ဖွင့် ကစားနိုင်ဖို့ ရှိပါတယ်။ ဒါပေမယ့် စီးတီးကတော့ သူတို့အတွက် အားကောင်းလွန်းတဲ့ ပြိုင်ဘက် ဖြစ်နေတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 3-1 ဘန်လေ

အခြား နှစ်ပွဲအတွက် ဆက်တန်ရဲ့ ခန့်မှန်းရလဒ်

Sheffield United 1-2 Blackburn

Brighton 5-0 Grimsby