အာဆင်နယ် အသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ တွေ့ဆုံနေပါတယ်။ ပွဲချိန် ကတော့ လာမယ့် တနင်္ဂနွေနေ့ည ၈ နာရီခွဲ အချိန်မှာ အာဆင်နယ်ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ကစားမှာ ဖြစ်ပါတယ်။

ဒီ ပွဲစဉ်အတွက် ဘီဘီစီမှ နာမည်ကျော် သုံးသပ်သူ ခရစ်ဆက်တန် က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” စာရွက်ပေါ်အရဆိုရင် ဒီပွဲမှာ အိမ်ရှင်အနိုင်ဆိုတာမျိုး မြင်ရပါမယ်။ ဒါပေမယ့် အာဆင်နယ်နဲ့ ပဲလေစ့် ယှဉ်ပြိုင်ကစားတိုင်း အဲ့လိုဖြစ်လာတာက ရှားပါတယ်။ အမ်းမရိတ်မှာ ဧည့်သည်အဖြစ် လာကစားတဲ့ ပြီးခဲ့တဲ့ ၄ ကြိမ်လုံးမှာ ပဲလေစ့်က လုံးဝ အရေးမနိမ့်ထားဘဲ ၃ ကြိမ် သရေကျပြီး တစ်ကြိမ် အနိုင်ရထားတယ်။

ပဲလေစ့်က နိုင်ပွဲမရတာ ကြာနေပါပြီ။ ဒီကာလတွေအတွင်း ဂိုးပေါက် တည့်အောင်တောင် မစီမံနိုင်ပါဘူး။ ဒါပေမယ့် သူတို့ တန်းဆင်းသွားမလား အပေါ်တော့ မစိုးရိမ်ပါဘူး။ သူတို့က ဇယားအောက်ခြေက ကလပ် ၈ သင်းနဲ့ ကစားရဦးမှာဖြစ်ပါတယ်။ ရနိုင်တဲ့ ၂၄ မှတ်ထဲက ၁၆ မှတ်လောက်ကို ရယူနိုင်ရင် သူတို့အတွက် အဆင်ပြေသွားမှာပါ။

ဒီတော့ အာဆင်နယ်အတွက် လွယ်ကူမှာတော့ မဟုတ်ဘူး။ သူတို့ ကောင်တာတွေကို ဂရုစိုက်ဖို့လိုမယ်။ ဒါပေမယ့်လည်း သူတို့ နိုင်သွားမယ်လို့ပဲ ကျနော် မြင်ထားပါတယ်။ သူတို့က ဒီပွဲကို အာရုံစိုက်နေမှာပါ။ အမှတ်ပေးဇယား ပန်းဝင်ဖို့က နီးကပ်လာနေပါပြီ။

ဒီပွဲနိုင်ရင် ဧပရယ်လထဲကို အာဆင်နယ်က ရမှတ် ၈ မှတ် အကွာဖြင့် ဦးဆောင်သွားတော့မှာပါ။ အနည်းဆုံး အာဆင်နယ် ကစားသမား တစ်ဦးလောက်ကတော့ အဲ့လိုဖြစ်လာဖို့ လုပ်နိုင်ပါလိမ့်မယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန် ရဲ့ ခန့်မှန်းရလဒ် ကတော့ အာဆင်နယ် 2-0 ခရစ္စတယ်ပဲလေ့စ် ဖြစ်ပါတယ်။