မန်ချက်စတာ ယူနိုက်တက်ဟာ ဘရိုက်တန်အသင်းမှာ တောက်ပနေတဲ့ တိုက်စစ်သမား မီတိုမာကို ကင်းထောက်မှု တွေ ပြုလုပ်ခဲ့ကြောင်း အသံထွက်နေပါတယ်။

ချယ်ဆီးနဲ့ နယူးကာဆယ်အသင်းတို့ဟာ မန်စီးတီး တိုက်စစ်ကစားသမားဟောင်း ဘရာဟင် ဒီယက်ဇ်ကို ပရီးမီးယားလိဂ် ထံ ပြန်လည် ခေါ်ယူရေးအတွက် စောင့်ကြည့်နေပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေမှာ ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ဖွယ် မရှိဘဲ ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် မန်စီးတီးအသင်းက အင်္ဂလန်သားကို ခေါ်ယူသွားနိုင်ဖို့ ပိုအားကောင်းနေပါတယ်။

အဲဗာတန်ဟာ ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရဘူးဆိုရင် နွေမှာ ဝက်စ်ဟမ်း တိုက်စစ်မှူး အန်တိုနီယိုကို ခေါ်ဖို့ ရည်မှန်းချက် ထားထားပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပရီးမီးယားလိဂ်ကလပ်တွေ စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ကာဗာဗင်ညာကို စာချုပ်သစ် ပေးနိုင်ရေး ညိနှိုင်းသွားမှာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ နွေရာသီမှာ နာပိုလီတိုက်စစ်မှူး အိုဆီမန်ကို ခေါ်ယူဖို့ စဉ်းစားနေပြီး ၎င်းအတွက် ပြောင်းရွှေ့ကြေး + ပူလီဆစ်ကို အလိုက်ပေးသွားမှာ ဖြစ်ပါတယ်။

ကစားသမားတွေနဲ့ ကလပ်ပိုင်ရှင်တွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့တဲ့ နည်းပြကွန်တီကို စပါး စီနီယာကစားသမား ၇ယောက်က ရာထူးကနေ ချက်ချင်း ထုတ်ပယ်စေချင်နေပါတယ်။

လီဗာပူး အားကစားဒါရိုက်တာ ဂျူလီယန်ဝပ်ဟာ အေဂျက်ကို ပြောင်းတော့မှာဖြစ်သလို နွေရာသီမှာ လီဗာပူးရဲ့ အရံကစားသမား တချို့ကို အေဂျက်အသင်းက စိတ်ဝင်စားလာနိုင်ပါတယ်။

မေဆန်မောင့်ဟာ ဒီနွေမှာ ချယ်ဆီးကနေ ထွက်ခွာဖွယ် ရှိနေသလို သူ့ကို ခေါ်ယူနိုင်ရေး လီဗာပူးနဲ့ နယူးကာဆယ်တို့ ရေပန်းစားနေပါတယ်။

ချယ်ဆီးဟာ စတန်းဖို့ဒ်ဘရစ်ချ်ကွင်းကို ပြန်လည် ပြင်ဆင် တည်ဆောက်နေစဉ်အတွင်း လေးနှစ်လောက် ဖူလ်ဟမ်ရဲ့ အိမ်ကွင်းကို မျှသုံးဖို့ ဆွေးနွေးမှု လုပ်ခဲ့ပါတယ်။

ကွန်တီဟာ ဥက္ကဌလက်ဗီနဲ့ ကစားသမားတွေအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့တဲ့နောက် စပါးအသင်းဟာ နည်းပြရဲ့ အနာဂတ်ကို မဆုံးဖြတ်ခင် ကွန်တီနဲ့ အရေးပေါ် ဆွေးနွေးပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်အတွက် လာဇီယို အသင်းမှ မီလန်ကိုဗစ်-ဆာဗစ်ကို သဘောကျနေတယ်လို့ သိရပါတယ်။

လူစားဝင်ကစားသမား ဖရန့်ကက်ဆီရဲ့ နာကျင်အချိန်ပို အနိုင်ဂိုးနဲ့အတူ ဘာစီလိုနာဟာ ရီးရဲလ်မက်ဒရစ်ကို နောက်ကလိုက်ကစားကာ အနိုင်ရခဲ့ပြီးနောက် ၁၂ မှတ် ဖြတ်ထားခဲ့ပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ နွေရာသီမှာ ရူဘင်နီဗက်စ်ကို ခေါ်ယူဖို့ လီဗာပူးနဲ့ ပြိုင်ဆိုင်ရနိုင်ပါတယ်။