မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ဖူလ်ဟမ်ကို ၃-၁ နဲ့ နိုင်ပြီး အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် သရဲနီဟောင်းကြီး ရွိုင်ကိန်းက လက်ရှိ မန်ချက်စတာ ယူနိုက်တက် ခြေစွမ်းကို အားမရဘဲ ယုံကြည်မှုတောင် လျော့ရဲလာပြီလို့ ညက ပွဲအပြီးမှာ ပြောဆိုလာပါတယ်။ ဒီပွဲမှာ ဖူလ်ဟမ်က နှစ်ယောက် ထုတ်ခံခဲ့ရပြီး ၉ ယောက်နဲ့ ယှဉ် ကစားခဲ့တာပါ။

ရွိုင်ကိန်းက ” တန်စက် ကတော့ အကြီးကြီး စိတ်ပျက်နေပါလိမ့်မယ်။ မန်ချက်စတာ ယူနိုက်တက်က မယုံနိုင်စရာ ကောင်းလောက် အောင် အတော်ကြီး ညံ့ဖျင်းခဲ့တယ်။

ပြီးခဲ့တဲ့ အက်ဖ်အေဖလားပွဲတွေမှာ သူတို့ နိုင်ဖို့ နည်းလမ်းရှာနိုင်ခဲ့တယ်။ ဒီနေ့ပွဲကတော့ ဖူလ်ဟမ်က ကိုယ့်ဘာသာ ဖျက်ဆီးသွားလို့သာ နိုင်ခဲ့တာ။ ဘောလုံးအသင်း တစ်သင်းမှာ ကံတရားလေးလည်း နည်းနည်းသာဖို့ လိုတယ်။ ယူနိုက်တက် က ဒီရာသီ ကံလေး နည်းနည်း မျက်နှာသာပေးနေတယ်။

ဒါပေမယ့် ဒီတလော ယူနိုက်တက်ကို ကြည့်ရတာ ကျနေ်ာတော့ ယုံကြည်မှု နည်းနည်း လျော့လာတယ်။ နောက်ဆုံး ကစားထားတဲ့ ပွဲတွေမှာ သူတို့ အကျင့်ဆိုးတွေ မြင်နေရတယ်။

ဒီလို ပုံစံမျိုးနဲ့သာ ဆီမီးဖိုင်နယ်မှာ သွား ကစားရင် ဘရိုက်တန်က နိုင်သွားလိမ့်မယ်။ မန်နေဂျာက သူတို့ကို နည်းနည်း ပဲ့ပြင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ” လို့ ITV အစီအစဉ်မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။