လီဗာပူးအသင်းဟာ လက်ရှိ တိုရီနိုး ကလပ်မှာ ကစားနေတဲ့ အသက် ၂၃ နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုခံစစ် ကစားသမား Per Schuurs ကို ပေါင် ၄၄ သန်းနဲ့ ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။
ဘိုင်ယန်မြူးနစ် နည်းပြသစ် ဖြစ်လာတဲ့ သောမတ်စ် တူချယ်ဟာ စတန်းဖို့ဘရစ်ချ်မှာ သူ လက်တွဲဖူးတဲ့ ချယ်ဆီးနဲ့ ပေါ်တူဂီ နည်းပြ အန်တိုနီ ဘယ်ရီ ကို ဘိုင်ယန် နည်းပြအဖွဲ့ထဲ ခေါ်ယူလိုနေပါတယ်။
ဟာလန်းရဲ့ ဒဏ်ရာအခြေအနေက ခန့်မှန်းရ ခက်ခဲနေပြီး ဧပြီလ အစပိုင်းမှာ ပြန်လည် ယှဉ်ပြိုင်ရမယ့် လီဗာပူးနဲ့ ပရီးမီးယားလိဂ်ပွဲကို လွဲချော်နိုင်တယ်လို့ ဟာလန်းရဲ့ ဖခင်က ထုတ်ပြောလာပါတယ်။
ကာတာအဖွဲ့ဟာ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူရေး ဒုတိယမြောက် ကမ်းလှမ်းမှု ဝင်ခဲ့ပြီဖြစ်ကာ လက်ရှိ ကမ်းလှမ်းထားသမျှတွေထဲမှာ အကောင်းဆုံး ဖြစ်တယ်လို့ သိရပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့ နောက်ထပ် တစ်ကြိမ် ကြိုးစားဦးမှာပါ။ ယူနိုက်တက် ကလည်း ကိန်းကို စိတ်ဝင်စားပေမယ့် စပါးဘက်က တိုက်စစ်မှူးကို ရောင်းချလိုခြင်း မရှိပါဘူး။
လန်ဒန်အသင်းကြီးတွေ ဖြစ်တဲ့ အာဆင်နယ်၊ ချယ်ဆီးနဲ့ စပါးအသင်းတို့ဟာ စာချုပ်ပါ ဖျက်သိမ်းကြေး ပေါင် ၃၂ သန်း ရှိထားတဲ့ PSV ကွင်းလယ် ကစားသမား Ibrahima Sangare ကို အပြိုင် စိတ်ဝင်စားနေကြပါတယ်။
ဒီကလန်ရိုက်ကို ခေါ်ယူရေးမှာ အခြားသော ပရီးမီးယားလိဂ်ကလပ်တွေကို ကျော်လွန်ပြီး အာဆင်နယ်က ရေပန်းအစားဆုံး ဖြစ်နေပါတယ်။
ချယ်ဆီး ညာအစွန်လူ ရိစ်ဂျိမ်းဟာ အသေးစား ဒဏ်ရာကြောင့် အင်္ဂလန်အသင်း လူစာရင်းကနေ နှုတ်ထွက်ခဲ့ပါတယ်။
လာမယ့်နွေမှာ မန်စီးတီးနဲ့ လီဗာပူးတို့ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ချယ်ဆီး ကွင်းလယ်လူ ကိုဗာဆစ် ကို မန်ချက်စတာ ယူနိုက်တက်ကလည်း စိတ်ဝင်စားလာပါတယ်။ အသက် ၂၉ နှစ် အရွယ် ကစားသမားရဲ့ ချယ်ဆီးနဲ့ စာချုပ်က ၁ နှစ်သာ ကျန်ရှိပြီး သက်တမ်းတိုး ဆွေးနွေးမှုက ရပ်တန့်နေပါတယ်။
ဆောက်သမ်တန် ဗဟို နောက်ခံလူ မိုဟာမက် ဆာလီဆု ကို မန်ချက်စတာ ယူနိုက်တက်၊ အက်စတွန် ဗီလာနဲ့ လက်စတာ အသင်းတို့က စိတ်ဝင်စားနေပြီး စိန့်တွေသာ တန်းဆင်းရရင် ၎င်းကို ပေါင် ၂၅ သန်းနဲ့ ရနိုင်ပါတယ်။