ဆယ်တာဗီဂို ဥက္ကဋ္ဌ ကားလိုစ့် မော်ရီနိုက ၎င်းတို့ ကွင်းလယ်လူ ဂေဘရီ ဗယ်ကာဟာ ဒီနွေမှာ ဆယ်တာကနေ ထွက်ခွာမှာဖြစ်ကြောင်း အတည်ပြု ကြေညာပါတယ်။
အသက် ၂၀ အရွယ် ကွင်းလယ်လူ ဗယ်ကာကို မန်ချက်စတာ ယူနိုက်တက်၊ မန်စီးတီးနဲ့ လီဗာပူးတို့က ချိန်ရွယ်နေတာဖြစ်ပြီး နယူးကာဆယ်ကလည်း အလိုရှိနေတာပါ။ အေးဂျင့် ပီနီ ဇာဟာဗီ တာဝန်ယူနေတဲ့ အဆိုပါ ကွင်းလယ်လူဟာ နွေမှာ ပရီးမီးယားလိဂ်ကလပ် တစ်သင်းထံ ရောက်မယ်လို့ သတင်းကြီးနေပါတယ်။
ဗယ်ကာအတွက် သုံးရမယ့် စာချုပ်ပါကြေးကလည်း ပေါင် ၃၅ သန်း ဝန်းကျင်ဖြစ်ပြီး အတော်လေးကို စျေးသက်သာနေတာပါ။ ယူနိုက်တက်ဟာ ဒီရာသီမှာတင် ကွင်းလယ်လူကို ကင်းထောက်ဖို့ ၆ ကြိမ်ထိ စပိန်မြေထံ ကင်းထောက်တွေ စေလွှတ်ခဲ့ပါတယ်။
မန်စီးတီးကလည်း ဂွမ်ဒိုဂန် နေရာ အစားထိုးဖို့ ဘယ်လင်ဟမ်အပြင် စပိန်သားလေးကိုပါ ချိန်ရွယ်နေတာဖြစ်ပြီး လီဗာပူးကလည်း သူတို့ရဲ့ ကွင်းလယ် လူစာရင်း ပြန်တည်ဆောက်ဖို့ရာမှာ ဗယ်ကာကို အရေးပါတဲ့ ပစ်မှတ်အဖြစ် မှတ်ယူထားတာပါ။
ဥက္ကဋ္ဌ မော်ရီနိုက ပြောရာမှာ ” ကျနော်တို့ ဂေဘရီကို မထွက်သွားစေချင်ပါဘူး။ သူ့အတွက် လက်ခံရမယ့် ကမ်းလှမ်းမှုတွေကို ကျနော်တို့ သိပါတယ်။ ဒီ ပမာဏကို ရမယ်ဆိုရင် အသင်းမှာ သူ့ကို ဆက်ထိန်းထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ရွေးချယ်မှုကတော့ ကစားသမားဘက်က လုပ်ရမှာဖြစ်ပြီး ကျနော်တို့က ကမ်းလှမ်းမှုတွေကို လက်ခံမှာပါ။ ဒါပေမယ့် ဂေဘရီကို အလိုရှိတဲ့ ကလပ်ဟာ ဇွန်မှာ ထွက်ခွာခွင့်ပါတဲ့ စာချုပ်ပါကြေးကို ပေးရပါမယ် ” လို့ ဖြစ်ပါတယ်။
လက်တလောထိတော့ ဂေဘရီကို ခေါ်ယူဖို့ ရေပန်းစားကလပ် မထွက်လာသေးပေမယ့် ယူနိုက်တက် ဒါမှမဟုတ် လီဗာပူးက အလေးအနက် ကြိုးစားသွားဖွယ် ရှိနေတာလို့ သိထားရတာ ဖြစ်ပါတယ်။