တော့တင်ဟမ် စပါးအသင်းဟာ နည်းပြ ကွန်တီကို မနေ့ညက ပဲ ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စတယ်လာနီကို ယာယီနည်းပြ အဖြစ် ရာသီကုန်ထိ တာဝန်ယူစေပြီး ရိုင်ယန် မေဆန်ကို လက်ထောက် အဖြစ်နဲ့ ရာသီကုန်ထိ ဆက်သွားဖို့ ရည်မှန်းထားပါတယ်။
ချယ်ဆီးအသင်းဟာ ကွင်းလယ်လူ ကန်တေကို နောက်ထပ် ၂ ရာသီ သက်တမ်းတိုးဖို့နဲ့ ကလပ်ဘက်က ဆန္ဒရှိရင် ထပ်တိုး ၁ နှစ်ပါ ထပ်ချုပ်ခွင့် ပါဝင်တဲ့ စာချုပ်သစ် သက်တမ်းတိုး ချုပ်ဆိုရန် ဆွေးနွေး စကားပြောနေပါတယ်။
မန်ယူနဲ့ လီဗာပူးအသင်းဟာ ဆယ်တာဗီဂို ကွင်းလယ်လူ ဂေဘရီ ဗယ်ကာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကစားသမားအတွက် စာချုပ်ပါကြေး ပေါင် ၃၅ သန်း ပေးရမှာ ဖြစ်ပါတယ်။
နယူးကာဆယ်ဟာ ယူနိုက်တက်မှ တော်မီနေးအပြင် ဆောက်သမ်တန်အသင်းမှ တည်ကန်ဘောပိုင်း ထူးချွန်လှတဲ့ ကွင်းလယ်လူ ဂျိမ်းပရောက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
စပါးအသင်းဟာ ဂျူဗင်တပ်ကနေ ခေါ်ယူထားတဲ့ တောင်ပံနဲ့ ကွင်းလယ်လူ ကူလူဆက်စကီကို နွေမှာ ထွက်ခွာခွင့် ပေးရဖွယ် ရှိနေပါတယ်။
မိုရိုကို ကွင်းလယ်လူ အမာရာဘတ်ကို ခေါ်ယူနိုင်ရေး ယူနိုက်တက်တို့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ညိနှိုင်းခဲ့ပေမယ့် ဖီအိုရင်တီးနားက ပယ်ချခဲ့ပါတယ်။
လီဗာပူးကနေ အလွတ်စာချုပ်ဖြင့် ထွက်ခွာမယ့် ချိန်ဘာလိန်ကို ခေါ်ယူဖို့ အက်စတွန်ဗီလာ၊ နယူးကာဆယ်၊ ဘရိုက်တန်တို့က စိတ်ဝင်စားနေပါတယ်။
မန်စီးတီးဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အန္တရာယ်မှ ကင်းဝေးအောင် တိုက်စစ်မှူး ဟာလန်းကို တစ်ပတ်လုပ်ခ ပေါင် ၅ သိန်းထိပေးမယ့် စာချုပ်သစ် သက်တမ်းတိုးတော့မှာပါ။
ဒီနွေမှာ ချယ်ဆီးကနေ ထွက်ခွာမယ့် တိုက်စစ်မှူး အူဘာမီယန်ကို ခေါ်ယူဖို့ စီးရီးအေကလပ် အင်တာမီလန် အသင်းက စိတ်ဝင်စားနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ နွေမှာ တိုက်စစ်ပိုင်းအတွက် စပါးမှ ဟယ်ရီကိန်း၊ နာပိုလီမှ အိုဆစ်ဟမ်တို့အပြင် ဘင်ဖီကာမှ ဂွန်ကာလို ရာမိုစ့်ကိုလည်း စိတ်ဝင်စားနေပါတယ်။
ချယ်ဆီးအသင်းဟာ ဒီနွေမှာ ဘရိုက်တန်အသင်းမှ ကွင်းလယ်လူ မက်အလစ္စတာကို ခေါ်ယူဖို့ ဆက်ပြီး ကြိုးစားသွားမှာဖြစ်ပါတယ်။