အဲလက်စ် တဲလက်စ်ဟာ လာမယ့်နွေမှာ ဆီဗီလာ အသင်းထံ အပြီး ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လိုက်ပါတယ်။

ယူနိုက်တက် အစွန်ခံစစ်သမား ဟာ ဇွန်လမှာ မန်ချက်စတာ ကလပ်ထံ ပြန်လာမှာ ဖြစ်ပါတယ်။ တဲလက်စ် ဟာ ဒီရာသီ ဆီဗီလာ အသင်းနဲ့ အတူ ပြိုင်ပွဲစုံ ၂၇ ပွဲ ကစားထားပေမယ့် အပြီး ခေါ်ယူရလောက်အောင် လာလီဂါကလပ်ကို မဆွဲဆောင်နိုင်ဘူး ဖြစ်နေပါတယ်။

ဒဏ်ရာ ရှိနေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ဟာ ကာရင်တန်မှာ ထရိန်နင် ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။

ပေါ်တူဂီဘက်က သတင်းတွေ အဆိုအရ ယူနိုက်တက်ဟာ ဘင်ဖီကာ တိုက်စစ်သမား ဂွန်ကာလို ရာမို့စ်ကို လာမယ့်နွေမှာ ခေါ်ယူဖို့ စိတ်ဝင်စားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ပေါ်တူဂီသားဟာ ဘင်ဖီကာ က သူ့ကို စာချုပ်သစ် ဒီနှစ်ထဲ မပေးသေးတာကြောင့် အမျက်ထွက်နေပြီး နွေမှာ အသင်းပြောင်းဖွယ် ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဘာစီလိုနာ ကွင်းလယ် ကစားသမား ဒီဂျောင်ကို ခေါ်ယူရေး ကြိုးစားမှု အဆုံးသတ်လိုက်ဖို့ တိုက်စစ်မှုးဟောင်းကြီး အန်ဒီ ကိုးလ်က တိုက်တွန်းလိုက်ပါတယ်။

နယ်သာလန် လက်ရွေးစင် ကစားသမားကို တန်ဟက်က အလိုရှိဆဲ ဖြစ်ပေမယ့် ဒီဂျောင် ကိုယ်တိုင် ကတော့ လက်ရှိကလပ်မှာ ပျော်ရွှင်နေကြောင်း ဆိုကာ အပြောင်းအရွှေ့ သတင်းတွေကို ထပ်မံ ပယ်ချ ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ မတ်လ အကောင်းဆုံး ကစားသမား ဆု အတွက် ကစားသမား ၃ ယောက် ဆန်ကာတင် ရွေးချယ်ထားတာကို ကြေညာသွားရာ ဖာနန်ဒက်စ်၊ ရက်ဖို့ဒ်နဲ့ မာတီနက်ဇ် တို့ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အမေရိကန် ရာသီကြို ခရီးစဉ် အတွင် ဇူလိုင် ၂၅ ရက်နေ့မှာ Wrexham အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မယ် လို့ အတည်ပြု ကြေညာထားပါတယ်။