မန်ချက်စတာ ယူနိုက်တက်ဟာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ရာသီကုန်တဲ့အထိ မစောင့်ပဲ စပါးရဲ့ဆွေးနွေးမှုလုပ်ကာ ပေါင်သန်း ၈၀ နဲ့ အပြောင်းအရွှေ့ သဘောတူညီမှုရဖို့ မျှော်လင့်နေပါတယ်။

စပါးအသင်း မန်နေဂျင်း ဒါရိုက်တာ ပရာတီဆီဟာ အီတလီမှာ ဖြစ်ခဲ့တဲ့ ဘဏ္ဍာရေး ပြဿနာတွေကြောင့် ဘောလုံးကမ္ဘာမှာ ၂ နှစ်ခွဲ ပါဝင်ခွင့် မရှိစေရလို့ ပိတ်ပင်ခံခဲ့ရပါတယ်။

အာဆင်နယ်ပစ်မှတ် ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်ကို ခေါ်ယူရေးအတွက် ဘိုင်ယန်မြူးနစ်ဘက်က ချိတ်ဆက်မှု လုပ်ခဲ့တယ်လို့ သိရပါတယ်။

ချယ်ဆီးဟာ နွေရာသီအတွင်း အူဘာမီယန်း၊ ကော်နာ ဂယ်လာဂါ၊ လော့ဖ်တပ်ချိခ်၊ ဟာကင်ဇီယက်ချ်၊ ပူလီဆစ်တို့ကို ရှင်းထုတ်ရနိုင်ပါတယ်။

မန်စီးတီး တိုက်စစ်မှူး ဟာလန်းဟာ ကားမောင်းရင်း ဖုန်းသုံးနေတဲ့ ပုံရိပ်တွေ ထွက်ပေါ်ခဲ့တာကြောင့် မန်ချက်စတာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်း စစ်ဆေးမှု ခံနေရပြီး အရေးယူခံရဖွယ် ရှိနေပါတယ်။

ဂိုးသမား ဒီဂီယာဟာ ယူနိုက်တက်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။ ဒါပေမယ့် ဆွေးနွေးမှုဟာ အကောင်းမြင်စရာ အခြေအနေမျိုးနဲ့ အဆုံးသတ်ဖို့ ရှိနေပြီး လက်ရှိ တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ ထက်တော့ လျော့ယူရပါမယ်။

လီဗာပူး၊ မန်ချက်စတာ ယူနိုက်တက်နဲ့စပါးအသင်းတို့ ပစ်မှတ်ထားခြင်း ခံနေရတဲ့ အင်္ဂလန် ကစားသမား မေဆန်မောင့် အတွက် တန်ကြေး ပေါင် သန်း ၇ဝ ရမှ ရောင်းမယ်လို့ ချယ်ဆီးက ဈေးသတ်မှတ်လိုက်ပါတယ်။

အက်စ်တွန်ဗီလာဟာ ရိုးမား တိုက်စစ်မှူး တန်မီ အေဘရာဟမ်ကို ပရီးမီးယားလိဂ်ထံ ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ရိုးမားကလည်း အစားထိုးဖို့ ရွေးချယ်စရာတွေကို စဉ်းစားနေပြီး အဲ့အထဲမှာ လီဗာပူး တိုက်စစ်ကစားသမား ဖာမင်နို ပါဝင်ပါတယ်။

အဲရစ်ဆင်ဟာ သတ်မှတ်ချိန်ထက် စောပြီးတော့ လာမယ့် ၁၀ရက်အတွင်း မန်ချက်စတာ ယူနိုက်တက်အတွက် ပွဲပြန်ကစားပေးနိုင်ဖွယ်ရှိပါတယ်။

ကိုဗာဆစ်ဟာ စာချုပ်သက်တမ်း ၁၆လသာ ကျန်တော့ပေမယ့် ချယ်ဆီးဟာ သူ့ကို စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှု မလုပ်ရသေးပါဘူး။