ချယ်ဆီးအသင်းကနေ ထွက်ခွာတော့မယ့် မေဆန်မောင့်ကို ခေါ်ယူရေးမှာ လီဗာပူးနဲ့အပြိုင် ဘိုင်ယန်မြူးနစ် အသင်းလည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း လီဗာပူးအသင်းဟာ အသက် ၂၄ နှစ်အရွယ် ချယ်ဆီး အကယ်ဒမီထွက် ကွင်းလယ်လူကို ခေါ်ယူရေး အလေးအနက် စိတ်ဝင်စားနေတာပါ။ ချယ်ဆီးဘက်က သူတို့ ကစားသမားကို ပေါင် သန်း ၅၀ ဖြင့် ရောင်းချမှာဖြစ်ပြီး လီဗာပူးက သက်သာတဲ့ စျေးနှုန်းဖြင့် ခေါ်ယူနိုင်ဖို့ ရည်ရွယ်နေတယ်လို့ သိရတယ်။

ဒါပေမယ့် ချယ်ဆီးကတော့ ပြည်တွင်း ပြိုင်ဘက်ကလပ် အင်အား တောင့်တင်းသွားရေး သူတို့ ကစားသမားကို လက်လွတ်လိုခြင်း မရှိပါဘူး။ မောင့်ဘက်က စာချုပ်သစ် လက်မှတ်ထိုးဖို့ကို ပယ်ချလိုက်တဲ့နောက် အရောင်းစာရင်း တင်ဖို့ လမ်းဖွင့်လာခဲ့တာ ဖြစ်ပါတယ်။

လက်တလောမှာ ဘိုင်ယန်မြူးနစ် နည်းပြသစ်ဖြစ်လာတဲ့ တူချယ်က တပည့်ဟောင်းကို ဘွန်ဒက်လီဂါထံ ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့တယ်။ မောင့်ကိုယ်တိုင်က ချယ်ဆီးမှာ နေရာမရခြင်း အင်္ဂလန်ပြင်ပတွေမှာ ခြေစွမ်းပြခဲ့ဖူးသူမို့ ဒီစိန်ခေါ်မှုကို စိတ်ဝင်စားနိုင်တယ်လို့ ဘိုင်ယန်ဘက်က ယူဆရပါတယ်။

နည်းပြကလော့ပ်ဟာ ဒီနွေမှာ ဘယ်လင်ဟမ်ကို ခေါ်ယူရေး ဦးစားပေးဖြစ်ပေမယ့် သူ စီစဉ်ထားတဲ့ စာရင်းရှည်ထဲမှာ မောင့်က ဒုတိယနေရာလောက်က ပါဝင်ထားတာပါ။ ပြီးခဲ့တဲ့ ရာသီမှာ ဘဏ္ဍာရေး အရှုံးပေါ်ထားတဲ့ ချယ်ဆီးက မောင့် အပါအဝင် ကစားသမား အချို့ကို ဒီနွေမှာ ရှင်းထုတ်သွားမှာပဲ ဖြစ်ပါတယ်။