ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေ ပြန်လည် စတင်ချိန်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ နယူးကာဆယ် အသင်းကို စိန့်ဂျိမ်းပါ့ခ်ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပွဲကတော့ ဧပြီ ၂ရက်၊ တနင်္ဂနွေနေ့၊ မြန်မာစံတော်ချိန် ည ၁ဝ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာပါ။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒါက ဘယ်လို ပွဲမျိုးတောင်လဲ။ ဒီပွဲကတော့ တကယ်ကို အပြန်အလှန် တိုက်စစ်ဖွင့် ကစားသွား လောက်တယ်။

နယူးကာဆယ် ဒီပွဲကို နိုင်ရင် မန်ချက်စတာ ယူနိုက်တက် က top four ထဲ ဝင်ဖို့ ပို အားထုတ်ရမယ်။ ဒီတပတ်ကုန်မှာ သူတို့ အဆင့် ၅ တောင် ရောက်သွားနိုင်တယ်လေ။

လောလောဆယ်မှာ မန်ချက်စတာ ယူနိုက်တက်က ကစားတာ အကောင်းကြီး မဟုတ်ပါဘူး။ သူတို့က မားကပ် ရက်ဖို့ဒ် သွင်းဂိုးတွေကို မှီခိုနေရတယ်။ တစ်ယောက်ယောက်ကတော့ ဂိုး ဝင်သွင်းဖို့ လိုနေပြီ။

နယူးကာဆယ်က အိမ်ကွင်းမှာ ကစားတာ ဖြစ်လို့ ဒီပွဲ တစ်မှတ် ဆိုရင်တောင် သူတို့ အတွက် လုံလောက်မှာ မဟုတ်ဘူး။ ဒီပွဲကတော့ နယူးကာဆယ် ဘက်ကပဲ နေချင်တယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန်ကြီးရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ နယူးကာဆယ် ၂-၁ မန်ချက်စတာယူနိုက်တက် ဖြစ်ပါတယ်။