ဘရန့်ဖိုဒ့် အသင်းဟာ နယ်သာလန် ဂိုးသမား မက်ဖလက်ကန်ကို ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် ၎င်းတို့ အဓိက ဂိုးသမား ဒေးဗစ် ရာယာ ကို ခေါ်ယူလိုနေတဲ့ ယူနိုက်တက်နဲ့ စပါးတို့အတွက် အားတက်စရာ ဖြစ်လာခဲ့ပါတယ်။
ဒီနွေမှာ ဘာစီလိုနာကနေ ထွက်ခွာဖွယ်ရှိတဲ့ ဖာတီကို ခေါ်ယူဖို့ရာ ချယ်ဆီး၊ ယူနိုက်တက်၊ အာဆင်နယ်တို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
လက်ရှိ ပေါ်တာရဲ့ နည်းပြအဖွဲ့ဝင်ဖြစ်တဲ့ နည်းပြဘာရီဟာ သူ့ရဲ့ တွဲဘက်ဟောင်း တူချယ်ရှိရာ ဘိုင်ယန်မြူးနစ် အသင်းထံ လိုက်သွားလိုနေတယ်လို့ သိရပါတယ်။
မန်စီးတီး တိုက်စစ်မှူး ဟာလန်းဟာ အသင်း လေ့ကျင့်ရေးကို လွဲချော်ခဲ့တာကြောင့် ဒီအပတ် လီဗာပူးနဲ့ပွဲမှာ ပါဝင်ကစားဖို့ မသေချာ ဖြစ်နေပါတယ်။
မန်ယူ တိုက်စစ်မှုး ရက်ဖိုဒ့်က ယူနိုက်တက်ဘက်က တစ်ပတ်လုပ်ခ ပေါင် ၅ သိန်း မပေးလို့ သက်တမ်းတိုးဘူးဆိုတဲ့ ကောလဟာလတွေကို ငြင်းဆန် လိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ မောင့်ပယ်လီယာ တိုက်စစ်မှူး ဝါဟီကို ခေါ်ယူလိုတယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် ၂၆ သန်း ပေးရမှာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်တို့ဟာ ချယ်ဆီးအသင်းမှ ညာအစွန်လူ ရိစ်ဂျိမ်းနဲ့ တိုက်စစ်မှူး ကိုင်ဟာဗက်တို့ နှစ်ဦးကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။
ဂွမ်ဒိုဂန်ရဲ့ အေးဂျင့်ဖြစ်သူက သူ့ကစားသမားနဲ့ ဘာစီလိုနာကြားမှာ မည်သည့် သဘောတူညီမှုမှ ရထားခြင်း မရှိပါဘူးလို့ ထုတ်ပြောလာပါတယ်။
ကိတ်တာနဲ့ ချိန်ဘာလိန်တို့ ထွက်ခွာသွားရင် သူတို့နေရာ အစားထိုးဖို့ လီဗာပူးအသင်းဟာ ဝုဗ်အသင်းမှ မက်သရုးစ် နူးနက်စ်နဲ့ ချယ်ဆီးမှ မောင့်တို့ကို ပစ်မှတ်ထားနေပါတယ်။
လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်တို့ ခေါ်ယူလိုနေတဲ့ ကွင်းလယ်လူ မေဆန်မောင့်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၇၀ ထိ တောင်းဆိုဖို့ ချယ်ဆီးဘက်က အလိုရှိနေပါတယ်။
ကလပ်လက်မဲ့ ဖြစ်နေပြီး စပါးအသင်းရဲ့ စိတ်ဝင်စားခြင်းကို ရထားကြတဲ့ နေဂဲလ်စမန်းနဲ့ ပိုချက်တီနိုတို့ဟာ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကမ်းလှမ်းမှုကို ရဖို့ စောင့်ဆိုင်းနေကြပါတယ်။