ဒီနေ့ တနင်္ဂနွေနေ့ စိန့်ဂျိမ်းပါ့ခ် ကွင်းမှာ နယူးကာဆယ် အသင်းနဲ့ အကြိတ်အနယ် ရင်ဆိုင်သွားဖို့ မန်ချက်စတာ ယူနိုက်တက်အသင်း ကစားသမားတွေ ထွက်သွားခွာ ပြီ ဖြစ်ရာ လိုက်ပါသွားတဲ့ ၁၇ ဦး လူစာရင်းလည်း ထွက်ပေါ်လာပါတယ်။
ယူနိုက်တက်နဲ့ အတူ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်လည်း လိုက်ပါသွားပါတယ်။ အင်္ဂလန်သားဟာ ဒီရာသီ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၂၇ ဂိုး ထိ သွင်းပြီး ခြေစွမ်း အမြင့်ဆုံး ရောက်နေပါတယ်။
မန်ချက်စတာ လေဆိပ်မှာ စနေနေ့က မြင်တွေ့ခဲ့ရတဲ့ ယူနိုက်တက် လူစာရင်းက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
GOALKEEPERS: David de Gea, Jack Butland, Nathan Bishop
DEFENDERS: Raphael Varane, Lisandro Martinez, Victor Lindelof, Harry Maguire, Tyrell Malacia, Diogo Dalot, Aaron Wan-Bissaka
MIDFIELDERS: Bruno Fernandes, Scott McTominay, Fred
ATTACKERS: Marcus Rashford, Jadon Sancho, Antony, Wout Weghor
နိုင်ငံတကာ သီတင်းပတ်မှာ အင်္ဂလန် လူစာရင်းကနေ နှုတ်ထွက်သွားတာကြောင့် ရက်ဖို့ဒ် ဒီပွဲ ပါဝင်ဖို့ မသေချာဘူး ထင်ခဲ့ပေမယ့် ရက်ဖို့ဒ်က သောကြာနေ့ ထရိန်နင် ဆင်းခဲ့ပြီး ကာဆယ်ပွဲ အတွ့် လိုက်သွားခဲ့ပါတယ်။
ဒါ့အပြင် နည်းပြ တန်ဟက်ဟာ ပြီးခဲ့တဲ့ ယူနိုက်တက် ၂ ပွဲလုံးမှာ မပါဝင်ခဲ့တဲ့ နောက်ခံလူ ဗာရိန်းကိုလည်း ခေါ်သွားပြီး ဒီပွဲမှာ ပွဲထွက် ကစးစေဖွယ် ရှိပါတယ်။
ထရိန်နင် ပြန်ဆင်းနေပြီ ဖြစ်တဲ့ တိုက်စစ်မှုး အန်တိုနီ မာရှယ်လည်း လူစာရင်းမှာ ပါဝင်သွားပြီး ယူနိုက်တက်နဲ့ ၁၃ ပွဲကြာ လွဲခဲ့ပြီးတဲ့ ပြင်သစ်သား က ဒီညပွဲမှာ ပါဝင် ကစားနိုင်ခြေ ရှိနေပါတယ်။