ဒီအပတ် ခြေစွမ်းပျက် ရလဒ်ဆိုးတွေ ရင်ဆိုင်နေတဲ့ ချယ်ဆီးနဲ့ လီဗာပူး အသင်းတို့ဟာ ဒီည စတန်းဖို့ဘရစ်ချ်မှာ ပရီးမီးယားလိဂ်ပွဲ ကစးာဖို့ တွေ့ဆုံနေပါတယ်။ ပွဲချိန်ကတော့ ဒီနေ့ အင်္ဂါနေ့ မြန်မာစံတော်ချိန် ည ၁နာရီခွဲ အချိန်၊ စတန်းဖို့ဘရစ်ချ်ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာပါ။

ဘီဘီစီ သတင်းဌာနရဲ့ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က ချယ်ဆီးနဲ့ လီဗာပူးတို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

ဆက်တန်က ” စနေနေ့တုန်းက မန်စီးတီးကို ရှုံးလိုက်တာဟာ မှတ်မိသမျှ လီဗာပူးရဲ့ အတော်လေး ညံ့တဲ့ စွမ်းဆောင်ရည်ပါပဲ။ အဲ့ပွဲကတော့ လုံးဝကို တစ်ဖတ်သတ်ဆန်တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

အဲ့ပွဲကို မြင်ရတာအတွက် အံ့ဩစရာ အကောင်းဆုံးဖြစ်ခဲ့တာက ကျနော်တို့က စီးတီးဟာ ပရီးမီးယားလိဂ်က အသင်းတိုင်း နီးပါးကို တစ်ဖတ်သတ် ကစားနိုင်တယ်ဆိုတာ သိပါတယ်။

ဒါပေမယ့် ကုန်ခဲ့တဲ့ ၅ ရာသီအတွင်းမှာ လီဗာပူးက သူတို့ရဲ့ အဓိက ပြိုင်ဘက်ကြီးလေ။ အခုတော့ အဲ့ဒီလို မဟုတ်တော့ ပြန်ဘူး။ သူတို့ နှစ်သင်းကြား ကွာဟချက်က သိပ်ကြီးသွားခဲ့ပါပြီ။

ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ခံစစ်မှာကော ကွင်းလယ်မှာပါ သိပ်ကို ဆိုးရွားနေပါပြီ။ ဒီတော့ စတမ်းဖိုဒ့်ဘရစ်မှာ အနိုင်ရဖို့ သူတို့ကို ကျနော် ဘယ်လိုလုပ် ထောက်ခံပေးနိုင်မှာလဲ။

ဒီအခြေအနေမှာ ချယ်ဆီးကိုလည်း ပြိုင်ဘက် တစ်သင်းသင်းကို အနိုင်ယူနိုင်မယ်လို့ ကျနော် ဘယ်လိုလုပ် ယုံကြည်ပေးနိုင်မှာလဲ? အရင်အပတ်ကပဲ ကျနော်ရဲ့ ခန့်မှန်းက ထပ်မှားပြန်ပြီ။ ဗီလာနဲ့ပွဲဟာ ဂရေဟမ် ပေါ်တာရဲ့ ချယ်ဆီး မန်နေဂျာဘဝ နောက်ဆုံးပွဲတောင် ဖြစ်ခဲ့ပါတယ်။

ချယ်ဆီးမှာ ဘမ်ချီဝဲလ် ပါဝင်ကစားရင် သူတို့အသင်းက ပိုကောင်းတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူတို့က အခွင့်အရေးတွေ ဖော်ဆောင်နိုင်ခြင်း မရှိပါဘူး။

ဒီအခြေအနေတွေအရ ဒီပွဲက ၁-၁ ရလဒ်နဲ့ သရေကျမယ်လို့ ပြောလို့ရပေမယ့် တစ်သင်းကို အနိုင်ရမယ့် အသင်းအဖြစ် ရွေးချယ်မှာပါ။ လီဗာပူးအသင်းရဲ့ ကွင်းလယ်ပိုင်းက သိပ်ကို ဆိုးရွားနေတာမို့ ဒီပွဲမှာ ကျနော်ကတော့ ချယ်ဆီး အနိုင်လို့ ရွေးမှာပါပဲ ” လို့ သုံးသပ် ထားပါတယ်။

ခရစ်ဆက်တန် ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ၁-ဝ လီဗာပူး ပဲ ဖြစ်ပါတယ်။