ဒီအပတ် ကြားရက်မှာ ပရီးမီးယားလိဂ် ပွဲကျန်တွေ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ရာ မန်ချက်စတာ ယူနိုက်တက် က ဘရန့်ဖိုဒ့် အသင်းကို အိုးထရက်ဖိုဒ့်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။
ဒီပွဲမတိုင်ခင်မှာ စပါးက အဲဗာတန်ကို သရေကျပြီး တစ်မှတ်ရသွားတာကြောင့် အဆင့် ၄ နေရာကို ဝင်ယူထားပြီး ယူနိုက်တက်က ၅ နေရာ ဆင်းပေးထားရပါတယ်။ ဒါကြောင့် ဘရန့်ဖို့ဒ်ကို အနိုင်ကန်ပြီး ပြန်ကျော်တက်ဖို့ မန်ယူက အားခဲထားမှာပါ။
မန်ယူနဲ့ ဘရန့်ဖို့ဒ် အသင်းတို့က မနက်ဖြန် ဗုဒ္ဓဟူးနေ့ ည/ ကြာသပတေးနေ့ နံနက် ၁း၃ဝ နာရီမှာ ယှဉ်ပြိုင် ကြမှာပါ။ ဘီဘီစီမှ ခရစ်ဆက်တန်က ဒီပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ
” ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယူးကာဆယ်ရဲ့ မန်ချက်စတာ ယူနိုက်တက်ကို နိုင်တဲ့ ပွဲအရ ပြောရမယ် ဆိုရင် အဲရစ် တန်ဟက်ရဲ့ အသင်းက မှေးမှိန်လာနေပါတယ်။
သူတို့က ဒီည ပွဲ အပါအဝင် ကွင်းလယ် ကစားသမား ကာဆီမီရို မပါဘဲ နှစ်ပွဲ ကစားရဦးမှာပါ။ သူတို့ကတော့ ကာဆီမီရိုကို အတော် လွမ်းနေလောက်ပြီ။
ဘရန့်ဖို့ဒ်က ဒီရာသီ အစမှာ ယူနိုက်တက်ကို ဂိုးပြတ် ချေမှုန်းခဲ့ပါသေးတယ်။ အခုထိလည်း သူတို့က ဂိုးပေါက် ခြိမ်းခြောက်နိုင်စွမ်းတွေ ရှိနေတယ်။ ဒီပွဲမှာလည်း ဘရန့်ဖို့ဒ်က ဂိုးတွေ သွင်းဦးမှာပါ။
ဒါပေမယ့် ယူနိုက်တက်က သူတို့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဆိုရင် များသော အားဖြင့် ခြေစွမ်းကောင်းတယ်။ ဒီတော့ သူတို့ အသာရသွားမယ်လို့ပဲ ကျနော် မှန်းလိုက်ပါမယ်။ ” လို့ ဆက်တန်က သုံးသပ်သွားပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-၁ ဘရန့်ဖို့ဒ် ဖြစ်ပါတယ်။