မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးနဲ့ တော့တင်ဟမ် စပါးအသင်းတို့ဟာ နာပိုလီ နောက်ခံလူ ကင်မင်ဂျယ် ကို လာမယ့်နွေမှာ ခေါ်ဖို့ အပြိုင် စိတ်ဝင်စားနေပါတယ်။ တောင်ကိုရီးယား လက်ရွေးစင်ရဲ့ လက်ရှိ စာချုပ် ဖျက်သိမ်းကြေးက ပေါင် သန်း ၄ဝ ရှိပြီး နာပိုလီက သက်တမ်းတိုးဖို့ ကြိုးစားနေပါတယ်။

လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီ အသင်း ကမ်းလှမ်းတဲ့ စာချုပ်သစ်မှ ကြီးမားတဲ့ လစာ လျှော့ချမှုကို လက်မခံရင် ရာသီကုန်မှာ အလွတ်နဲ့ အသင်းပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

မက်ဆီကို ဆော်ဒီကလပ် Al-Hilal က တစ်နှစ် လုပ်ခ ယူရို သန်း ၄ဝဝ ရစေမယ့် ဘောလုံးကမ္ဘာရဲ့ တန်ကြေး အကြီးဆုံး ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် ပီအက်စ်ဂျီ ကြယ်ပွင့်က ဥရောပမှာသာ ဆက်လက် ကစားလိုနေပါတယ်။

ယူနိုက်တက်ဟာ ဘိုင်ယန် လီဗာကူဆင်အသင်းရဲ့ ညာစွန် နောက်ခံလူ ဖရင်းပေါင် ကို ဒီတလော လတွေ အတွင်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်နဲ့ ချယ်ဆီးတို့ ချိန်ရွယ်နေတဲ့ အသက် ၂၁ နှစ် အရွယ် ကွင်းလယ် ကစားသမား အိုနာနာ ကို အဲဗာတန် အသင်းက ပေါင် သန်း ၇ဝ လို့ ဈေး သတ်မှတ်လိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ် ဟာ အန်ဆယ်လော့တီ နေရာ ဆက်ခံဖို့ လီဗာပူးနည်းပြ ယာဂင်ကလော့ပ် ကို ပစ်မှတ် ထားနေကြောင်း သတင်းကြီးလာပါတယ်။

အက်စတွန်ဗီလာ ကွင်းလယ်လူ ဖိလစ် ကော်တင်ညို ကို ခေါ်ယူဖို့ ဆော်ဒီကလပ် တစ်သင်းက များပြားတဲ့ ပမာဏနဲ့ ကမ်းလှမ်းဖွယ် ရှိပါတယ်။

လီဗာပူး ကွင်းလယ် ကစားသမား နာဘီ ကိတ်တာ က ရာသီကုန်မှာ အလွတ်နဲ့ ထွက်ခွာတော့မှာပါ။ ကိတ်တာ က စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ ကမ်းလှမ်းမှုတွေ လက်ခံစဉ်းစားတော့မှာ ဖြစ်တယ်လို့ သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ခဲ့ပါတယ်။