မနေ့ညက လီဗာပူးအသင်းဟာ စတမ်းဖိုဒ့်ဘရစ်ချ်မှာ ချယ်ဆီးအသင်းနဲ့ ဂိုးမရှိ သရေကျ သွားခဲ့ပါတယ်။ ထိုပွဲ အပြီးမှာ လီဗာပူး နည်းပြကလော့ပ်က နောက်ပွဲ တွေ့မယ့် အာဆင်နယ် အသင်းနဲ့ ပတ်သတ်ပြီး ပြောဆိုမှုတွေ ပြုလုပ်သွားပါတယ်။
လီဗာပူးအသင်းဟာ ဒီရာသီမှာ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရှိနေတာဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့မှာ အဆင့် ၁ နေရာက အာဆင်နယ်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာပါ။ အာဆင်နယ်ကို အန်းဖီးမှာ အခက်တွေ့အောင် လုပ်မယ်လို့ ကလော့ပ်က ကြိုတင် အသိပေးလိုက်ပါတယ်။
” နောက်ပွဲက အာဆင်နယ်နဲ့ပါ။ မနှစ်တုန်းက အာဆင်နယ်တို့ ဘယ်အဆင့်မှာလဲ ကျနော် မသိဘူး။ ဒါပေမယ့် သူတို့ အခု တကယ်ကို ကောင်းနေပါပြီ။ သိပ်ကောင်းတဲ့ ပုံစံတစ်ခုမှာ ရှိနေသလို အရမ်းကောင်းတဲ့ ဘောလုံးကို ကစားနေတယ်။
ရိုးရိုးသားသား ဝန်ခံရရင် အာဆင်နယ် ကစားတာ ကြည့်လို့ သိပ်ကောင်းပါတယ်။ ဒါပေမယ့် သူတို့နဲ့ ပြိုင်ဆိုင်ဖို့ ကျနော်တို့ ရှိနေပါတယ်။
ဒီပွဲက အိမ်ကွင်းပွဲပါ။ ကျနော်တို့ရဲ့ အိမ်ကွင်းရလဒ်က အဝေးကွင်းပွဲတွေလောက် မဆိုးသေးပါဘူး။ ဒီညမှာ ကျနော်တို့ ခြေတစ်လှမ်း လှမ်းနိုင်ခဲ့တာမို့ အာဆင်နယ်ပွဲကို မစောင့်နိုင်အောင်ပါပဲ။ ဒါက ကျနော်လိုချင်တာပါ။
အခု ဆက်သွားရမှာပါ။ အန်းဖီးက ကျနော်တို့ကို စောင့်နေပါတယ်။ ကျနော်တို့ ရလဒ်ကောင်း ယူပေးလိုပါတယ်။ နောက်ထပ် ၁၀ ပွဲ ကစားရဦးမှာဖြစ်ပြီး နောက်ပွဲက အာဆင်နယ်နဲ့ ဖြစ်ပါတယ်။ နောက်ထပ် ၉ ပွဲက ဘယ်အသင်းတွေလဲ ဆိုတာကို စိတ်မဝင်စားပါဘူး။
လာမယ့် အာဆင်နယ်ပါပဲက ခက်ခဲမှာပါ။ ကျနော်တို့ကို အနိုင်ယူနိုင်ရင် သူတို့ ချန်ပီယံဖြစ်နိုင်ပါတယ်။ မဟုတ်ခဲ့လို့ အာဆင်နယ်က ကျနော်တို့ကို အနိုင်ရသွားရင်တော့ ကြည့်ရမှာပေါ့။ ” လို့ ကလော့ပ်က ပြောဆိုသွားတာ ဖြစ်ပါတယ်။