ဒီအပတ် ပရီးမီးယားလိဂ်မှာ အာဆင်နယ် အသင်းဟာ လီဗာပူးအား အဝေးကွင်း အန်းဖီးမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်က လီဗာပူး နဲ့ အာဆင်နယ်တို့ ပွဲအတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။
” ကြားရက်က သရေကျတဲ့ပွဲမှာ ချယ်ဆီးက ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပါတယ်။ လီဗာပူးက အပြောင်းအလဲ အများကြီး လုပ်ခဲ့တာကို သိပေမယ့် အနားပေးမှု လုပ်လို့လည်း ဒီပွဲမှာ ကြီးကြီးမားမား ခြားနားမှုရှိမယ် မထင်ပါဘူး။
အခုချိန်မှာ လီဗာပူးရဲ့ ထိပ်ဆုံး ၄ သင်းဝင်ခွင့်က အဆုံးသတ်သွားပါပြီ။ လူတိုင်းက နွေဈေးကွက်ကို ကျော်ကြည့်နေပြီး လူစာရင်း အပြောင်းအလဲကြီး လုပ်မှာကို မျှော်လင့်နေကြပါတယ်။
နောက်ရာသီမှာ တုန့်ပြန်ဖို့ သူတို့ ပြင်ဆင်နေပေမယ့် လီဗာပူးရဲ့ ပြဿနာတွေက အတော်လေး အချိန်ကြာနေပါပြီ။ ဒီရာသီ ကျနော်ရဲ့ လီဗာပူး ပွဲရလဒ် ခန့်မှန်းတွေ အတော်လေး မှားယွင်းထားတယ်ဆိုတာကို ဝန်ခံပေမယ့် သူတို့ ပြန်လာမယ်လို့ ကျနော် ထင်မိသမျှ လက်တွေ့မှာ ဖြစ်မလာပါဘူး။
သူတို့ရဲ့ တိုက်စစ်က မဆိုးလှပေမယ့် သူတို့ရဲ့ ခံစစ်က မလုံလောက်ပါဘူး။ ချယ်ဆီးကို ရင်ဆိုင်တဲ့ပွဲမှာ ကလော့ပ်ရဲ့ အသင်း ဂိုးမပေးလိုက်ရတာကို ကျနော် အံ့ဩမိပါတယ်။ အာဆင်နယ်ပွဲမှာတော့ သူတို့ ထိန်းနိုင်မှာ မဟုတ်ပါဘူး။ ဒီပွဲမှာ လီဗာပူးက လုံးဝ အခွင့်အရေး မရှိပါဘူး။
အာဆင်နယ် ကစားနေတဲ့ နည်းလမ်းအရ သူတို့ အန်ဖီးမှာ ကောင်းကောင်း ယှဉ်ပြိုင်ပြီး လီဗာပူးကို ကျော်ဖြတ်နိုင်မယ် လို့ ထင်ပါတယ်။ ၂၀၁၂ တည်းက ဂန်းနားတို့ဟာ အန်ဖီးမှာ မနိုင်ခဲ့ဘဲ သူတို့အတွက် ကြောက်ရွံ့ရတဲ့ အဝေးကွင်းဟာ အခုချိန်မှာ မဟုတ်တော့ပါဘူး။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်က လီဗာပူး ၁-၃ အာဆင်နယ် ရလဒ် ထွက်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီနှစ်သင်း ကစားကြမယ့် ပွဲချိန် ကတော့ လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁ဝ နာရီမှာ ဖြစ်ပါတယ်။