မန်ယူနိုက်တက် ဂိုးသမား ဒင်း ဟန်ဒါဆန် ကို အက်စတွန်ဗီလာ အသင်းက ပေါင် သန်း ၃ဝ နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဗီလာဂိုးသမား မာတီနက်ဇ်ဟာ လာမယ့်နွေမှာ အသင်းပြောင်းဖွယ် ရှိနေပါတယ်။

တူချယ် ဘိုင်ယန်နည်းပြ ဖြစ်လာပြီးနောက် ကိုင်ဟာဗက်ဇ် အသင်းပြောင်းသွားဖွယ် ရှိတယ်လို့ သတင်းကြီးလာပေမယ့် ကစားသမားကတော့ ချယ်ဆီးနဲ့ စာချုပ် ၂နှစ်ရှိသေးပြီး လန်ဒန်မှာ အခြေကျ ပျော်ရွှင်နေတယ်လို့ ပြောဆိုလာပါတယ်။

အာဆင်နယ် အသင်းဟာ ရှာကာရဲ့ နိုင်ငံ အသင်းဖော် ဖြစ်တဲ့ ဖရန့်ဖတ် ကွင်းလယ် ကစားသမား Djibril Sow ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ Sow ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပွဲစဉ်တိုင်းမှာ ရှာကာနဲ့ အတူ ကွင်းလယ်က တွဲဖက် ပါဝင်ခဲ့သူပါ။

ယူနိုက်တက်ဟာ အာဆင်နယ် ဂိုးသမားဟောင်း၊ လက်ရှိ ဂျူဗင်တပ်မှာ ကစားနေတဲ့ ဆက်ဇီနီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဒေးဗစ် မိုယက်စ်ရဲ့ အနာဂတ်က မရေရာ ဖြစ်လာနေပြီး ဝက်စ်ဟမ်း အသင်းဟာ ချယ်ဆီး နည်းပြဟောင်း ဂရေဟမ် ပေါ်တာကို အစားထိုး ခန့်အပ်လိုနေပါတယ်။

နယူးကာဆယ်နဲ့ စပါးအသင်းတို့ ချိတ်ဆက်လာနေတဲ့ ကွင်းလယ် ကစားသမား ဂျိမ်းစ် မက်ဒီဆင် အတွက် ပေါင် သန်း ၅ဝ လို့ ဈေးသတ်မှတ်လိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်တွေ ဖြစ်တဲ့ မိုဒရစ်၊ ဘန်ဇီမာနဲ့ ခရူးစ်တို့ဟာ နောက်ရာသီလည်း မက်ဒရစ်မှာ ဆက်ရှိမယ်လို့ ယုံကြည်ကြောင်း နည်းပြ အန်ဆယ်လော့တီ က ထုတ်ဖော် ပြောဆိုလာပါတယ်။

ချယ်ဆီးအသင်းကတော့ အန်ဆယ်လော့တီသာ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲမယ် ဆိုရင် နောက်ရာသီမှာ ၎င်းကို နည်းပြ အဖြစ် ခန့်အပ်လိုနေပါတယ်။

လိဒ်စ် ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့ ဝါရင့်နည်းပြဟောင်းကြီး ဘီယက်ဆာ ကို ဥရုဂွေး လက်ရွေးစင် အသင်းက နည်းပြ အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးနေပြီး အပြီးသတ် အဆင့် ရောက်ရှိနေပါပြီ။