မန်ချက်စတာ ယူနိုက်တက် က ဒီည ပရီးမီးယားလိဂ်မှာ အဲဗာတန် အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာပါ။ ဒီနှစ်သင်းဟာ ဒီနေ့ စနေနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဂန်းနားဟောင်းကြီး ပေါမာဆန် က ဒီည မန်ယူနဲ့ အဲဗာတန် တို့ ပွဲ အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်း ထားပါတယ်။

” မန်ချက်စတာ ယူနိုက်တက်ဟာ အနိုင်ယူဖို့ ခက်ခဲတဲ့အသင်းပါ။ ကာဆီမီရိုနဲ့ အဲရစ်ဆင် မပါတာက အတော်လေး သက်ရောက်မှုကြီးပါတယ်။

သူတို့ မပါချိန်မှာ ယူနိုက်တက်က သိပ်ကောင်းကောင်း မကစားခဲ့ပေမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲမှာတော့ အထင်ကြီးစရာ ဖြစ်ခဲ့ပါတယ်။ ရက်ဖို့ဒ်က ဂိုးပေါက်မတွေ့တာ သုံးလေးပွဲ မရှိခဲ့ပေမယ့် အခု ဂိုးတွေ ပြန်သွင်းနေပါပြီ။

နည်းပြ ရှောင် ဒိုက် ဟာ အဲဗာတန်ကို ကျော်ဖြတ်ဖို့ ခက်ခဲတဲ့အသင်းဖြစ်အောင် လုပ်ပေးခဲ့ပါတယ်။ သူတို့ဟာ ဟိုတပွဲ ဒီတပွဲနဲ့ အမှတ်တွေ ရယူသွားမှာပါ။ သူတို့တွေ အန္တရာယ်တောထဲကနေ မလွတ်သေးပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ သူတို့အတွက် သုံးလေးပွဲဆက် အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။

အဲဗာတန်ဟာ ဒီလထဲမှာ အရှိန်မြင့်တင်လာခဲ့ပေမယ့် ဒီတစ်ပတ်တော့ ယူနိုက်တက်ကို ယုံကြည်ရပါမယ်။ ဒီပွဲကိုနိုင်ရင် သူတို့တွေ ထိပ်ဆုံးလေးနေရာကို ရသင့်ပါတယ်။ ” လို့ မာဆန် က သုံးသပ် ထားပါတယ်။

ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-၀ အဲဗာတန် ဖြစ်ပါတယ်။