ဒီည ကန်မယ့် လီဗာပူးနဲ့ ပွဲ မတိုင်ခင်မှာ အသင်းသား တစ်ဦး လေ့ကျင့်ရေး ပြန်ဝင်နေပြီလို့ နည်းပြ အာတီတာက ထုတ်ပြောခဲ့ပြီး ဘယ်သူလဲဆိုတာကို အဖြေပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဒီရာသီ လီဗာပူးအသင်းကို ဟက်ထရစ် သွင်းထားဖူးတဲ့ ထရော့ဇက်လို ကစားသမားကို အာဆင်နယ် ပိုင်ဆိုင် ထားတာဟာ အသင်းအတွက် သိပ်ကောင်းတယ်လို့ အာတီတာက ထုတ်ပြောပါတယ်။
နာမည်ကြီး ခန့်မှန်းသူတွေဖြစ်တဲ့ လော်ရိုး၊ ခရစ်ဆက်တန်နဲ့ ပေါမာဆန်တို့က တနင်္ဂနွေနေ့ပွဲမှာ လီဗာပူးက အာဆင်နယ်ကို ဘယ်လိုမှ မယှဉ်နိုင်ဘူးလို့ သုံးသပ်ထားကြပါတယ်။
လက်စတာအသင်းဟာ အာဆင်နယ် ပစ်မှတ်ထားဖူးတဲ့ ကွင်းလယ် ကစားသမား ဂျိမ်းစ် မက်ဒီဆင် အတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၅ဝ လို့ သတ်မှတ်လိုက်ပါတယ်။
မန်ယူနိုက်တက်ဟာ အာဆင်နယ် ဂိုးသမားဟောင်း၊ လက်ရှိ ဂျူဗင်တပ်မှာ ကစားနေတဲ့ ဆက်ဇီနီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
အာဆင်နယ် အသင်းဟာ ရှာကာရဲ့ နိုင်ငံ အသင်းဖော် ဖြစ်တဲ့ ဖရန့်ဖတ် ကွင်းလယ် ကစားသမား Djibril Sow ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
လီဗာပူးကို အနိုင်ရမယ်ဆိုရင် အာဆင်နယ်တို့ ပရီးမီးယားလိဂ်ဖလား အနိုင်ရပြီလို့ ဂယ်ရီနဗီးက ခန့်မှန်းလိုက်ပါတယ်။
မိုဒရစ် လက်သစ်လို့ နာမည်ကြီးနေတဲ့ ဒိုင်နမို ဇာဂရပ် ကွင်းလယ်လူ မာတင် ဘာတူရီနာကို ခေါ်ယူရေး အာဆင်နယ်ဘက်က စောင့်ကြည့်နေပြီး ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်း ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။