အချက်အလက်တွေကို အခြေခံ တွက်ချက်တဲ့ Five Thirty Eight စူပါကွန်ပျူတာ ရဲ့ ဒီရာသီ ဘယ်အသင်း ယူရိုပါလိဂ် ချန်ပီယံ ဖြစ်မလဲ ဆိုတဲ့ နောက်ဆုံးထွက် ဖော်ပြချက်မှာ ထူးခြားတဲ့ ခန့်မှန်းမှုတွေ တွေ့ရပါတယ်။
စူပါကွန်ပျူတာရဲ့ ယူရိုပါလိဂ် ချန်ပီယံကတော့ နာမည်ကြီး ရေပန်းအစားဆုံး ဖြစ်နေတဲ့ ယူနိုက်တက်နဲ့ ဂျူဗင်တပ် ထက် အခြား အသင်း ဖြစ်နေခဲ့တာပါ။
ပထမအကျော့မှာ ဖီယင်နု ၁-၀ ရိုးမား၊ လေဗာကူဆင် ၁-၁ ရိုင်ယန် ယူနီယံ ရလဒ်ထွက်ပေါ်ထားပြီး အနိုင်ရလာတဲ့ နှစ်သင်းက ဆီမီးအဆင့်မှာ ထိပ်တိုက်တွေ့မှာပါ။ အခြားသော အတွဲအဖြစ်တော့ ပထမအကျော့မှာ ဂျုဗင်တပ် ၁-၀ စပို့တင်း၊ ယူနိုက်တက် ၂-၂ ဆီးဗီးလာ ရလဒ် ထွက်ပေါ်ထားတာ ဖြစ်ပါတယ်။
စူပါကွန်ပျူတာရဲ့ ဧပြီ ၁၉ ရက်နေ့ ထွက် တွက်ချက်မှု ဇယားကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
စူပါကွန်ပျူတာရဲ့ တွက်ချက်အှုအရ ဆီမီးအဆင့်ကို တက်ရောက်ဖို့ ရေပန်းအစားဆုံး ကလပ် ၄ သင်းကတော့ ဖီယင်နု၊ လေဗာကူဆင်၊ ဂျူဗင်တပ်နဲ့ ယူနိုက်တက်တို့ ဖြစ်ပါတယ်။ ဖိုင်နယ်ထံ တက်ရောက်ဖို့ အခွင့်အရေး အများဆုံး နှစ်သင်းအဖြစ် ဖီယင်နုနဲ့ ယူနိုက်တက်ကို တွက်ချက်ထားပါတယ်။
ဖိုင်နယ်မှာ ဗိုလ်စွဲနိုင်ချေ အမြင့်ဆုံးအဖြစ် ဖီယင်နုက ၂၁% နဲ့ ထိပ်ဆုံးမှာ ရှိနေပြီး သူ့ နောက်မှာတော့ ယူနိုက်တက် ၁၉% နဲ့ ဒုတိယ နေရာမှာ ရှိပါတယ်။ လေဗာကူဆင် ၁၇%နဲ့ ဂျူဗင်တပ် ၁၆% တို့က အစဉ်လိုက် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။
ယူရိုပါလိဂ်ဟာ ကွာတားဖိုင်နယ်အဆင့် ပထမအကျော့ ပြီးဆုံးထားပြီဖြစ်ကာ ဒီအပတ်မှာ ဒုတိယအကျော့ ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။ နောက်ဆုံး ၈ သင်းထဲမှာတော့ ဂျူဗင်တပ်၊ ယူနိုက်တက်တို့အပြင် ဖီယင်နု၊ ရိုးမား၊ လေဗာကူဆင်လို အသင်းကောင်းတွေ ပါဝင်ထားတာပါ။
ဒီအသင်းတွေထဲမှာ ဂျုဗင်တပ်၊ လေဗာကူဆင်တို့ဟာ ပြည့်တွင်းလိဂ်မှာ ထိပ်ဆုံး ၄ သင်းအဖြစ်နဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ဖို့ထက် ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်ရင် ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာရဖို့ အခွင့်အရေး ပိုများနေတာပါ။