မနေ့ညက စပိန်မြေမှာ ယှဉ်ပြိုင်ကစားတဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာတော့ အိမ်ရှင် ဆီးဗီးလာဟာ မန်ချက်စတာ ယူနိုက်တက်ကို ၃-၀ နဲ့ ဂိုးပြတ် အနိုင်ယူခဲ့ကာ ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။

ပထမအကျော့မှာ ၂-၂ သရေကျထားတာကြောင့် နောက်တစ်ဆင့်ကို တက်ရောက်ရေး အနိုင်ရဖို့လိုချိန်မှာ နည်းပြတန်ဟက်ရဲ့ အသင်းက ပြိုင်ဘက်ရဲ့ လွှမ်းမိုးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ပွဲအစ ၈ မိနစ်မှာတင် အံ့ဩလောက်အောင်ကို ညံ့ဖျင်းလှတဲ့ ဒီဂီယာကနေ မက်ဂွဲရားကို ဘောလုံးပေးမှု ကြားဖြတ် ယူခံရခြင်းနဲ့အတူ ဦးဆောင်ဂိုး ပေးခဲ့ရတာပါ။ ပထမပိုင်းမှာ နည်ပြတန်ဟက်ရဲ့ အသင်းက ဂိုးပေါက်တောင် မတည်ခဲ့သလို ဆီးဗီးလာရဲ့ ဒုတိယဂိုး လူကျွံကြောင်း VAR က ဆုံးဖြတ်ပေးလို့ ကံကောင်းခဲ့ပါတယ်။

ဒုတိယပိုင်းမှာ တိုက်စစ်ပိုင်း ခြိမ်းခြောက်ဖို့ ရက်ဖိုဒ့်ကို ထည့်သွင်းပေမယ့်လို့ တကယ်တမ်း ဂိုးရတာက ဆီးဗီးလာပဲဖြစ်ပြီး ထောင့်ကန်ဘောကို လူးဝစ် ဘာဒီရဲ့ ပုခုံးနဲ့ထိမှုဟာ ဒီဂီယာရဲ့ ထောင့်ထဲကို ဝင်သွားခဲ့တာပါ။

ပွဲအဆုံးသတ်ခါနီးမှာလည်း ဒီဂီယာရဲ့ ဝမ်းနည်းဖွယ်ရာ မိနစ်တွေက မပြီးသေးဘဲ တတိယဂိုး ထပ်ပေးခဲ့ရပါတယ်။ ပွဲ အပြီးမှာတော့ ဆီးဗီးလာဟာ ထိုက်တန်တဲ့ ခြေစွမ်းတွေဖြင့် အနိုင်ရပြီး ဆီမီးအဆင့်မှာ စီးရီးအေကလပ် ဂျူဗင်တပ်ဖြင့် ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။

အခြားပွဲတွေအဖြစ်တော့ ဂျူဗင်တပ်က စပို့တင်းကို ၁-၁ သရေကျခဲ့ကာ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့တယ်။ နိုင်ပွဲ ကိုယ်စီ ရခဲ့ကြတဲ့ လေဗာကူဆင်နဲ့ ရိုးမားတို့ကလည်း ဆီမီးအဆင့်ထံ တက်ရောက်သွားပါတယ်။

ZG – မေန႔ညက စပိန္ေျမမွာ ယွဥ္ၿပိဳင္ကစားတဲ့ ယူ႐ိုပါလိဂ္ ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့မွာေတာ့ အိမ္ရွင္ ဆီးဗီးလာဟာ မန္ခ်က္စတာ ယူႏိုက္တက္ကို ၃-၀ နဲ႕ ဂိုးျပတ္ အႏိုင္ယူခဲ့ကာ ဆီမီးဖိုင္နယ္ တက္ေရာက္သြားပါတယ္။

ပထမအေက်ာ့မွာ ၂-၂ သေရက်ထားတာေၾကာင့္ ေနာက္တစ္ဆင့္ကို တက္ေရာက္ေရး အႏိုင္ရဖို႔လိုခ်ိန္မွာ နည္းျပတန္ဟက္ရဲ႕ အသင္းက ၿပိဳင္ဘက္ရဲ႕ လႊမ္းမိုးျခင္းကို ခံခဲ့ရတာ ျဖစ္ပါတယ္။

ပြဲအစ ၈ မိနစ္မွာတင္ အံ့ဩေလာက္ေအာင္ကို ညံ့ဖ်င္းလွတဲ့ ဒီဂီယာကေန မက္ဂြဲရားကို ေဘာလုံးေပးမႈ ၾကားျဖတ္ ယူခံရျခင္းနဲ႔အတူ ဦးေဆာင္ဂိုး ေပးခဲ့ရတာပါ။ ပထမပိုင္းမွာ နည္ျပတန္ဟက္ရဲ႕ အသင္းက ဂိုးေပါက္ေတာင္ မတည္ခဲ့သလို ဆီးဗီးလာရဲ႕ ဒုတိယဂိုး လူကြၽံေၾကာင္း VAR က ဆုံးျဖတ္ေပးလို႔ ကံေကာင္းခဲ့ပါတယ္။

ဒုတိယပိုင္းမွာ တိုက္စစ္ပိုင္း ၿခိမ္းေျခာက္ဖို႔ ရက္ဖိုဒ့္ကို ထည့္သြင္းေပမယ့္လို႔ တကယ္တမ္း ဂိုးရတာက ဆီးဗီးလာပဲျဖစ္ၿပီး ေထာင့္ကန္ေဘာကို လူးဝစ္ ဘာဒီရဲ႕ ပုခုံးနဲ႔ထိမႈဟာ ဒီဂီယာရဲ႕ ေထာင့္ထဲကို ဝင္သြားခဲ့တာပါ။

ပြဲအဆုံးသတ္ခါနီးမွာလည္း ဒီဂီယာရဲ႕ ဝမ္းနည္းဖြယ္ရာ မိနစ္ေတြက မၿပီးေသးဘဲ တတိယဂိုး ထပ္ေပးခဲ့ရပါတယ္။ ပြဲ အျပီးမွာေတာ့ ဆီးဗီးလာဟာ ထိုက္တန္တဲ့ ေျခစြမ္းေတြျဖင့္ အႏိုင္ရၿပီး ဆီမီးအဆင့္မွာ စီးရီးေအကလပ္ ဂ်ဴဗင္တပ္ျဖင့္ ထိပ္တိုက္ေတြ႕မွာ ျဖစ္ပါတယ္။

အျခားပြဲေတြအျဖစ္ေတာ့ ဂ်ဴဗင္တပ္က စပို႔တင္းကို ၁-၁ သေရက်ခဲ့ကာ ဆီမီးဖိုင္နယ္ကို တက္ေရာက္ခဲ့တယ္။ ႏိုင္ပြဲ ကိုယ္စီ ရခဲ့ၾကတဲ့ ေလဗာကူဆင္နဲ႔ ႐ိုးမားတို႔ကလည္း ဆီမီးအဆင့္ထံ တက္ေရာက္သြားပါတယ္။