အာဆင်နယ် နည်းပြ အာတီတာကတော့ စိန့်နဲ့ သရေပွဲ ပြီးတာနဲ့ နောက် လာမယ့်ပွဲ အီတီဟက်မှာ မန်စီးတီးကို သွားရောက် ရင်ဆိုင်ရမယ့် အပေါ် အာရုံရောက်နေပြီး စီးတီးကို အနိုင် ကစားမယ်လို့ ကြိုတင် အသိပေးခဲ့ပါတယ်။

” ကျနော်တို့ မန်စီးတီးကို အနိုင်ရမယ်ဆိုရင် ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်နိုင်နေဆဲပါ။ ကျနော်ကတော့ ယုံကြည်ချက်ရှိပါတယ်။ ဒီနေ့ပွဲက ကျနော်တို့ ကိုယ်တွင်နိုင်စွမ်းရှိတာကို ပြသခဲ့တဲ့ ဥပမာကောင်းပါပဲ။ မတူညီတဲ့ ပြိုင်ဘက်ကို တုန့်ပြန်နိုင်ကြောင်း ပြသခဲ့တယ်။

အရာရာတိုင်းအတွက် လောင်းကြေးထပ်ထားရတာမို့ အဲ့ကိုသွားပြီး အနိုင်ယူရမယ်။ အဲ့အတွက် ပြင်ဆင်ထားရမှာ သေချာပါတယ်။ မန်ချက်စတာကို သွားရမယ့် သိပ်ကောင်းတဲ့ ခရီးစဉ်ရှိတယ်။ ကျနော်တို့ အကောင်းဆုံး ပြင်ဆင်မှာပါ ” လို့ အာတီတာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်ီ ကာရေဂါကတော့ မန်စီးတီးကွင်းမှာ သွားရောက်ပြီး ပြိုင်ဘက်ကို အနိုင်ယူမယ်လို့ အာတီတာရဲ့ ခပ်စောစော ကြွေးကြော်မှုဟာ မလိုအပ်သေးတဲ့ အရာလို့ မြင်ပါတယ်။

အဆိုပါပွဲမှ နိုင်မှ ဖလားအောင်မြင်ရေးဟာ အာဆင်နယ် လက်ထဲမှာ ရှိမှာဆိုပေမယ့် ရှုံးခဲ့မယ်ဆိုရင် အပြီးသတ်သွားပြီမို့ မရှုံးရေးကို ဦးစားပေးအဖြစ် အာရုံစိုက်ဖို့ လိုကြောင်း ခံစစ်မှူးဟောင်းက ထောက်ပြခဲ့တယ်။

ကာရေဂါက ” ဟုတ်ပါတယ် အာဆင်နယ်က အီသီဟက်ကို သွားပြီး အနိုင်ကစားလိုမှာပါ၊ အနိုင်ရဖို့လည်း ကြိုးစားမှာပါ။ ဒါပေမယ့် သရေကျရင်ကော ပွဲအပြီးမှာ အာတီတာ ဘာပြောမှာလဲ?

မန်စီးတီးကလည်း ပွဲကြပ်တွေ ရှိပါတယ်။ သူတို့က ဘရိုက်တန်နဲ့ အဲဗာတန်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲ့ပွဲတွေက မလွယ်ပါဘူး။ အာဆင်နယ်ကလည်း ခက်ခဲတဲ့ ပွဲစဉ်တွေ ရှိနေဦးမှာပါ။

မန်စီးတီးကို သူတို့ နိုင်ချင်တာတော့ ဟုတ်ပါတယ် ဒါပေမယ့် ရှုံးလို့ မရပါဘူး။ အဲ့ပွဲကို ရှုံးတာနဲ့ ပြီးပါပြီ။ သရေကျတာက ကမ္ဘာကြီး အဆုံးသတ်သွားတာ မဟုတ်ပါဘူး။ ဆက်ကြိုးစားဖို့ ဖြစ်နိုင်ချေ ရှိနေဆဲပါ။ နောက်ဆုံး ၃ ပွဲ ခြေချော်ပေမယ့် အခုချိန်ထိ အာဆင်နယ်ရဲ့ လက်ထဲမှာ ရှိနေဆဲပါ။ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။