မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနေ့ညမှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် အက်စတွန်ဗီလာ အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ အိုးထရက်ဖို့ဒ်မှာ ဒီ တနင်္ဂနွေနေ့ည ၇ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။
ဘောလုံးပွဲတွေ သုံးသပ်နေကြ ခန့်မှန်း ဆရာကြီးတွေ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်နဲ့ ဘီဘီစီမှ ခရစ်ဆက်တန် တို့ကတော့ ဒီပွဲမှာ မန်ယူ သရေနဲ့ အရှုံးသာ ရနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ပေါမာဆန် ခန့်မှန်းချက်
ဒီပွဲက စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ်။ ကြားရက်တုန်းက မန်ယူက စပါးနဲ့ ပွဲမှာ ပထမပိုင်း ထိန်းချုပ်နိုင်ခဲ့ပေမယ့် လူစားလဲပြီးတဲ့နောက် အတော် ကျဆင်းသွားတာပါ။
အူနိုင်း အမ်မရီ လက်အောက်မှာ အက်စတွန်ဗီလာက အတော်လေးကို ခြေစွမ်း မြင့်တက်လာပါတယ်။ ဗီလာက ယူနိုက်တက်ထက် ၆ မှတ်ပဲ လျော့နေပေမယ့် ၂ ပွဲပိုကစားထားတာ ဖြစ်ပါတယ်။
ကျနော့် တကိုယ်ရည် အမြင် အရတော့ ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာအတွက် လက်မှတ်ရထားပြီလို့ ထင်ပါတယ်။ ဒီပွဲက ပွဲကြီးတစ်ပွဲဖြစ်ပြီး ဗီလာတို့ အနိုင်ရမယ်ဆိုရင် ယူနိုက်တက်ရဲ့ ထိပ်ဆုံး ၄ သင်းဝင်ခွင့်ကို ဖိအား ဖြစ်လာ စေမှာပါ။
ဒါပေမယ့် လက်ကျန်ပွဲစဉ်တွေအရ ယူနိုက်တက်က အခွင့်အရေး ပိုကောင်းနေပါတယ်။ ဒီပွဲမှာတော့ နှစ်သင်း သရေကျသွားမယ် ထင်ပါတယ်။ ယ်။
ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်းရလဒ် – မန်ချက်စတာ ယူနိုက်တက် ၂-၂ အက်စတွန်ဗီလာ။
ခရစ်ဆက်တန် ခန့်မှန်းချက်
အက်စတွန်ဗီလာက ဒီပွဲမှာ ၃ မှတ်ရရင် မန်ချက်စတာ ယူနိုက်တက်နဲ့ အမှတ်ကွာဟချက် အတော် နည်းပြီး နီးကပ် သွားမှာပါ။ ဒါပေမယ့် အဲရစ်တန်ဟက် အသင်းကတော့ ပွဲကျန် ၂ပွဲ ရှိနေသေးတယ်။ ဒီညပွဲက အတော် အကြိတ်အနယ် ရှိမယ် ဆိုပေမယ့် ကျနော်ကတော့ ဗီလာဘက် ပို အသားပေးချင်တယ်။
ယူနိုက်တက်က သူတို့ဦးစားပေး ဗဟိုခံစစ်မှုးတွေ ဖြစ်တဲ့ မာတီနက်ဇ်နဲ့ ဗာရန်းကို ကို လက်လွှတ်ထားရတယ်။ တိုက်စစ် ဆင်လာတဲ့ အသင်းတွေနဲ့ ဆိုရင် ယူနိုက်တက်က ယုံကြည်မှု မရှိသလို ဖြစ်နေပါတယ်။ ဒါကြောင့် အူနိုင်း အမ်မရီရဲ့ အသင်း အသာရသွားမယ် ကျနော် ထင်တာပါ။ ”
ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ် – မန်ချက်စတာယူနိုက်တက် ၁-၂ အက်စတွန်ဗီလာ။