မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက အက်စတွန်ဗီလာ အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရာ ၁-၀ နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။
ဒီနိုင်ပွဲ ရပြီးတဲ့နောက် ရာသီသိမ်းဖို့ ၆ ပွဲလောက်ပဲ လိုတော့ချိန်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံလ င်ခွင့်ဖြစ်တဲ့ ထိပ်ဆုံး ၄ သင်း တစ်နေရာကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ထားနိုင်ပြီလို့ တန်ဟက်က ယုံကြည်ပါတယ်။
” ကျနော်တို့ တစ်ပွဲချင်းသွားရမယ်၊ နောက်ပွဲက ဘရိုက်တန်နဲ့ပွဲဖြစ်ပြီး ထပ်ပြီး အားထုတ်ဖို့ လိုပါတယ်။ အမှတ်ပေး ဇယားကို ကြည့်မနေဘဲ ပြင်းပြမှုတွေ ထုတ်ပြရမယ်။ အဆင့် ၄ ဝင်ခွင့်ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပါပြီ။ အားလုံးက ကျနော်တို့ လက်ထဲမှာပါ ” လို့ တန်ဟက်က ပြောဆိုသွားတာ ဖြစ်ပါတယ်။
ဒီပွဲအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဖာနန်ဒက်စ်က သွင်းယူခဲ့တာဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝ သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ခြင်း ဖြစ်ပါတယ်။ နည်းပြကတော့ အသင်းခေါင်းဆောင် တာဝန်ယူနေတဲ့ ဖာနန်ဒက်စ်ရဲ့ အရေးပါမှုကို ထည့်ပြောခဲ့ပါတယ်။
တန်ဟက်က ” ကောင်းမွန်တဲ့ ရမှတ်တွေပါပဲ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ပြသတဲ့ စွမ်းဆောင်ရည်က အထင်ကြီးစရာ ကောင်းတယ်လို့ ထင်ပါတယ်။ ကျနော်တို့က ဘောလုံးနဲ့အတူ ကောင်းကောင်းကစားနိုင်တယ်၊ ပိုင်ဆိုင်မှုပိုင်းတွေမှာ ကောင်းမွန်ပြီး ဖိအားပေးပုံတွေ ကောင်းခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ၂-၀ ဖြစ်လိုပေမယ့် ကျနော်တို့ မလုပ်နိုင်ခဲ့ဘဲ အဆုံးသတ်တာတွေ ခက်ခဲနေခဲ့တယ်။ လင်ဒီအော့ ကစားတာ သိပ်ကို ထူးချွန်ပါတယ်။ ဝတ်ကင်ကစားတဲ့ အနားတဝိုက်က ဧရိယာတွေကို သူကပဲ အလုံးစုံ စိုးမိုးထားခဲ့ပါတယ်။
ဘရူနို ဖာနန်ဒက်စ်ကလည်း နောက်ထပ် ပွဲကောင်း တစ်ပွဲကို ကစားခဲ့ပါတယ်။ ဆုဖလားတွေကို အောင်မြင်ဖို့ဆိုရင် ကျနော်တို့ ဖာနန်ဒက်စ်လို ကစားသမားမျိုးကို လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ ပလန်က သူ့ကို ညာခြမ်းမှာသုံးပြီး အနောက်ကနေ ပြေးလွှားစေဖို့ပါ အဲ့တာက အလုပ်ဖြစ်ခဲ့ပါတယ် ” လို့ ပြောဆိုသွားခဲ့တယ်။