မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ ဆာဂျင်ရတ်ကလစ်ရဲ့ ကမ်းလှမ်းမှုထဲမှာ အရောင်းအဝယ် သဘောတူညီချိန်ကစပြီး အပြောင်းအရွှေ့ကိစ္စတွေကို ချက်ချင်း ထိန်းချုပ် ကိုင်တွယ်ခွင့်ပြုရမယ် ဆိုတဲ့ တောင်းဆိုမှု ပါဝင်ပါတယ်။
လိဒ်စ်ဟာ ဂျာဗီ ဂါစီယာနဲ့ လမ်းခွဲပြီးရင် တန်းမဆင်းရရေး ရုန်းကန်နေရတဲ့ သူတို့အသင်းကို တာဝန်ယူဖို့ ဝါရင့် နည်းပြကြီး ဆမ်အလာဒိုက်ကို ခန့်အပ်လိုက်ပါတယ်။
အာဆင်နယ် က ဘာစီလိုနာအသင်းထံ မက်ဆီပြန်လာနိုင်ခြေနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေပါတယ်။ မက်ဆီ ပြန်လာရင် ၎င်းတို့ရဲ့ ရေရှည်ပစ်မှတ်ဖြစ်တဲ့ ရာဖင်ညာကို ခေါ်ယူနိုင်ဖို့ အခွင့်အရေး ရမှာ ဖြစ်လို့ပါ။
ဒိုင်လူကြီး တီယာနေးကို ပေါက်ကွဲခဲ့တဲ့ ကလော့ပ်ကို အရေးယူမယ့်အကြောင်း အက်ဖ်အေက တရားဝင် သတင်းထုတ်ပြန်လာပါတယ်။
ယူနိုက်တက်ဟာ အသစ်ခန့်အပ်မယ့် ညှိနှိုင်းရေး ဘောလုံးဒါရိုက်တာ ခရစ်ဟားဂရေ့ဗ်ကို အသုံးချပြီး ဒေါ့မွန်ကနေ ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ကြိုးစားနိုင်ပါတယ်။
အာဆင်နယ်၊ ဘရိုက်တန်နဲ့ လီဗာပူးတို့ဟာ အေဂျက် ညာနောက်ခံလူ ဒက်ဗိုင်းရန့်ချ်ကို စောင့်ကြည့် နေတဲ့ ကလပ်တွေထဲ ပါဝင်ပါတယ်။
မေဆန်မောင့်၊ လော့ဖ်တပ်ချိခ်နဲ့ ချာလိုဘာတို့လို ငယ်မွေးခြံပေါက်တွေ ရောင်းချခံရရင် ဒီနွေရာသီမှာ ချယ်ဆီးရဲ့ အကယ်ဒမီဝန်ထမ်းများစွာ ထွက်ခွာသွားနိုင်တဲ့ အလားအလာ ရှိပါတယ်။
လီဗာပူးအသင်းဟာ စပို့တင်း ကွင်းလယ်လူ အူဂါတီကို ခေါ်ယူနိုင်မယ်လို့ သတင်းကြီးနေပြီး အသက် ၂၂ နှစ် အရွယ် ဥရုကွေး ကွင်းလယ်ခံစစ်သမားအတွက် ယူရို သန်း ၆၀ ပေးချေရနိုင်ပါတယ်။
ဆီဗီလာမှာ အငှားကစားခဲ့တဲ့ ယူနိုက်တက် နောက်ခံလူ အဲလက်စ်တဲလက်စ်ဟာ အယ်နာဆာကို ပြောင်းဖို့ ချိတ်ဆက်နေတာနဲ့အတူ နွေရာသီမှာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ပြန်ဆုံစည်းရနိုင်ပါတယ်။
နယူးကာဆယ်ဟာ လီဗာပူးအသင်းနဲ့အပြိုင် လီဂူးဝမ်းကလပ် နိုက်စ်ကွင်းလယ်လူ ခယ်ဖရန်သူရမ်ကို ကင်းထောက်လှမ်းနေပါတယ်။
အရန် ဂိုးသမားရှာဖွေနေတဲ့ ယူနိုက်တက်ဟာ ခရိုအေးရှား လက်ရွေးစင် လီဗာကိုဗစ်ကို သဘောကျ နေပြီး ဒိုင်နမိုဇာဂရက်မှာ သူကစားပေးနေတာကို ပြီးခဲ့တဲ့အပတ်က သွားရောက် ထောက်လှမ်း ကြည့်ရှုခဲ့ပါတယ်။
အာဆင်နယ်ဟာ ဒီနွေရာသီမှာ နောက်တန်းကို အားဖြည့်ဖို့အတွက် ပဲလေ့စ်နောက်ခံလူ မက်ဂူဟီကို စောင့်ကြည့်နေပါတယ်။