ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို ခေါ်ယူလိုတဲ့ ပရီးမီးယားလိဂ်ကလပ် များစွာရှိနေတာကြောင့် ၎င်းရဲ့တန်ကြေး ပေါင်သန်း ၁၀၀ ကျော်လွန်သွားမှာကို အာဆင်နယ်ဘက်က စိုးရိမ်နေပါတယ်။

ဂလေဇာတွေဟာ သူတို့ပိုသဘောကျတဲ့ ကမ်းလှမ်းသူအဖြစ် ဆာဂျင်ရတ်ကလစ်ကို ရွေးချယ်လိုက်ပြီး မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချဖို့အတွက် အဆင်သင့် ဖြစ်နေပါပြီ။ ပိုင်ရှင်သစ်လက်ထက်မှာ ဂလေဇာတို့က ရှယ်ယာရှင်တွေ အဖြစ် ဆက်ရှိနေမှာပါ။

အာဆင်နယ်၊ ယူနိုက်တက်၊ စပါးတို့ စိတ်ဝင်စားနေတဲ့ ခံစစ်မှူး မက်ဂူဟီကို ဒီနွေမှာ ပဲလေ့စ်တို့ ရောင်းချမယ်ဆိုရင် အသင်းဟောင်း ချယ်ဆီးဟာ ပေါင် ၁၀ သန်းကျော် ကော်မရှင် ပြန်ရဖို့ ရှိနေပါတယ်။

ဘရိုက်တန်ကွင်းလယ်လူ ကိုင်ဆီဒိုဟာ အသင်းဖော် မက်ကယ်လစ်စတာလိုပဲ စာချုပ်မှာ သတ်မှတ်ချက် တစ်ခု ရှိနေပြီး အဲ့ဒီ့အချက်ဟာ နွေရာသီမှာ အာဆင်နယ်အနေနဲ့ ကွင်းလယ်လူကို ခေါ်ယူဖို့ ပိုပြီး လွယ်ကူစေမှာ ဖြစ်ပါတယ်။

အက်စ်တွန်ဗီလာဟာ ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမား မာကို အဆန်စီယိုကို ခေါ်ယူချင်နေပြီး စပိန်မှာ ဆက်နေတာထက် အကျိုးအမြတ်များတဲ့ ရွေးချယ်စရာတစ်ခုကို ကမ်းလှမ်းသွားမှာပါ။

အာဆင်နယ် တိုက်စစ်ကစားသမား ရစ်နယ်ဆန်ဟာ ကလပ်များစွာရဲ့ စိတ်ဝင်စားမှုကို ရရှိနေပြီး အေစီမီလန်၊ ဝက်စ်ဟမ်းနဲ့ ဖူလ်ဟမ်တို့ဟာ ဂန်းနားတွေနဲ့ သူ စာချုပ်သစ် မချုပ်ဖြစ်ရင် သူ့အတွက် ကမ်းလှမ်းမှုလုပ်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။

ရိုးမားဟာ ဒီနွေမှာ ပေါင်သန်း ၄၀ နဲ့ တန်မီ အေဘရာဟမ်ကို ရောင်းချဖို့ အဆင်သင့် ဖြစ်နေပြီး ချယ်ဆီး ကစားသမားဟောင်းဟာ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာတော့မယ်လို့ ယုံကြည်ရပါတယ်။

ဂိုးသမား ဟူဂိုလိုရစ်ဟာ လက်ရှိ စပါးမှာရတဲ့ လုပ်ခထက် သုံးဆပိုများတဲ့ ပမာဏနဲ့ ဆော်ဒီကို ပြောင်းရွှေ့ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။

မတ်တီယို ကာဗာဆစ်ဟာ နွေရာသီမှာ ချယ်ဆီးကနေ ထွက်ခွာနိုင်ဖွယ်ရှိပြီး ဘိုင်ယန်၊ မန်စီးတီးနဲ့ ယူနိုက်တက်တို့က သူ့ကို စိတ်ဝင်စားနေပါတယ်။