မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဝုဗ် အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ကစားကြမယ့် ပွဲချိန်ကတော့ ဒီနေ့ စနေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲ အချိန် ဖြစ်ပါတယ်။
ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန် က မန်ချက်စတာ ယူနိုက်တက် နဲ့ ဝုဗ် အသင်းတို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” ယူနိုက်တက်နဲ့ ပတ်သက်ပြီး ကျနော်တော့ စိတ်ပူလာနေပါပြီ။ သူတို့က နောက်ဆုံး ကစားထားတဲ့ ၂ ပွဲဆက် အရေးနိမ့်ထားပြီး နောက်ဆုံး ၃၁၅ မိနစ်မှာ သွင်းဂိုး ၁ ဂိုးပဲ ရထားပါတယ်။
ပြဿနာ အများစုက အိုးထရတ်ဖိုဒ့်ကနေ လာတယ်ဆိုပေမယ့် အခုချိန် သူတို့အသင်းမှာ အတော်ဖိအားတွေ တက်နေလောက်ပါပြီ။ ခုဆို လီဗာပူးက အဆင့် ၄ ဝင်ခွင့်အတွက် ယူနိုက်တက် ကို ခြိမ်းခြောက်လာနေပြီ ဖြစ်ပါတယ်။
လိုပတ်တူဂီ လက်ထက်မှာ ဝုဗ်က စုဖွဲ့မှု သိပ်ကောင်းလာနေတယ်။ ဒီပွဲက မျှော်လင့်ထားတာထက် ပိုပြီး အကြိတ်အနယ်ရှိပါလိမ့်မယ်။
ဘရိုက်တန်ပွဲမှာ ယူနိုက်တက်က မကောင်းခဲ့သလို ဒီဂီယာကလည်း လက်စွမ်းတွေ ကျဆင်းနေတယ်။ တန်ဟက်ရဲ့ အသင်းက နိုင်ပွဲတော့ ရသွားမှာပါ။” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန် ရဲ့ ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-၀ ဝုဗ် ဖြစ်ပါတယ်။