ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေအတွက် နာမည်ကျော် ဝါရင့် ခန့်မှန်းသူကြီးဖြစ်တဲ့ လော်ရိုးရဲ့ ပွဲကြို ခန့်မှန်းချက် တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

ချယ်ဆီး vs နော်တင်ဟမ် ဖောရက်စ်

ဆောက်သမ်တန်ကို ရင်ဆိုင်တုန်းက ဖောရက်စ်တို့ ရလဒ်ကောင်းရခဲ့ပါတယ်။ ချယ်ဆီးကလည်း ဘုန်းမောက်နဲ့ပွဲမှာ နိုင်ပွဲပြန်ရခဲ့တယ်။ ဒီပွဲမှာတော့ ချယ်ဆီးတို့ ဆက်ပြီး အနိုင်ယူကာ အမှတ်ပေးဇယား အပေါ်ကို ပြန်တက်လာမယ် ထင်ပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 2-0 နော်တင်ဟမ် ဖောရက်စ်

မန်ယူနိုက်တက် vs ဝုဗ်

မန်ယူနိုက်တက်က သူတို့ရဲ့ နောက်ဆုံး ၂ ပွဲကို အရေးနိမ့်ထားခဲ့တယ် ဒါပေမယ့် ဝုဗ်ကလည်း တိုက်စစ်ပိုင်း ခြိမ်းခြောက်နိုင်နေတဲ့ အသင်းမျိုး မဟုတ်ပါဘူး။ ကျနော်ကတော့ ယူနိုက်တက်ပဲ နိုင်သွားမယ်လို့ ထင်ပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ မန်ယူနိုက်တက် 2-0 ဝုဗ်

အဲဗာတန် vs မန်စီးတီး

ပွဲကောင်းတစ်ပွဲ ဖြစ်သင့်ပါတယ်။ မန်စီးတီးအတွက် ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာမယ်ဆိုပေမယ့် သူတို့ နိုင်မယ်လို့ ထင်ပါတယ်။ ဘရိုက်တန်ကို ရင်ဆိုင်တုန်းက အဲဗာတန်တို့ ရလဒ်ကောင်းရခဲ့တယ်။ ဒီရာသီ ရူးလောက်တဲ့ ပွဲစဉ်ဖြစ်ခဲ့တယ်ဆိုရင် ငြင်းခုံကြမလားပါပဲ။ တချို့ကတော့ အဲဗာတန်က သူတို့ရဲ့ ပန်းရောင်ဂျာစီ အဝေးကွင်း ဂျာစီဝတ်မှပဲ အနိုင်ရတယ်လို့ ပြောကြတယ်။ ဒီတော့ ဒီပွဲမှာ နိုင်မယ် မထင်ပါဘူး။

လော်ရိုး ခန့်မှန်းရလဒ်။ ။ အဲဗာတန် 0-2 မန်စီးတီး

အာဆင်နယ် vs ဘရိုက်တန်

ဒီပွဲမှာ အာဆင်နယ်ဘက်က ရှိနေပါမယ်။ နယူးကာဆယ်ပွဲမှာ သူတို့ရဲ့ ရလဒ်က သိပ်ကောင်းခဲ့ပါတယ်။ သူတို့အခု ဒုတိယနေရာကို ဦးတည်နေပါတယ်။ ဒီပွဲကို အရေးနိမ့်ရင်တောင်မှ ဘရိုက်တန်က သိပ်ကောင်းတဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 2-1 ဘရိုက်တန်

လက်စတာ vs လီဗာပူး

ဒီပွဲကို လီဗာပူးတို့ လွယ်လွယ်ကူကူ အနိုင်ရသင့်တာပါ။ လက်စတာတို့ တကယ်ကို ဒုက္ခကြီး ရောက်နေတဲ့ အခြေအနေလို့ ထင်မိပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ လက်စတာ 0-2 လီဗာပူး

အခြားသော ပွဲစဉ်တွေအတွက် လော်ရိုး ခန့်မှန်းရလဒ်များ

  • Leeds 0-2 Newcastle
  • Aston Villa 1-2 Tottenham
  • Crystal Palace 2-1 Bournemouth
  • Southampton 0-2 Fulham
  • Brentford 1-1 West Ham