မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို ၄-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဂရီလစ်ချ်က အထူးခြေစွမ်းပြခဲ့ပါတယ်။

အဆိုပါပွဲအပြီးမှာ သူဟာ ဒီရာသီ ချန်ပီယံလိဂ်အတွင်း အခွင့်အရေး ဖန်တီးမှု ၃၅ ကြိမ်ထိ ပြုလုပ်နိုင်ပြီဖြစ်ကာ လမ်းပတ်ရဲ့ မှတ်တမ်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ အက်စတွန်ဗီလာကနေ မန်စီးတီးကို ပေါင် သန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂရီလစ်ဟာ ဇွန်လ ၁၀ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ် ဖိုင်နယ်ပွဲကို ပါဝင်ခွင့် ရခဲ့ပြီ ဖြစ်ပါတယ်။

ဂရီလစ်ချ်က ‘ ကျနော် အရမ်းပျော်နေပါတယ်။ ခံစားချက်တွေ သိပ်ကောင်းပါတယ်။ အသင်းတိုင်းက ကျနော်တို့လို ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူနိုင်လိမ့်မယ် မထင်ပါဘူး။

ကျနော်တို့ကို ရပ်လို့ မရတော့ဘူးလို့ ခံစားရတယ်။ ဘာကြောင့်လဲတော့ မသိပါဘူး။ အရင်ရက်ကလည်း ဒီရာသီ ချန်ပီယံလိဂ်မှာ ကျနော်တို့က ပွဲတိုင်းကို နိုင်ထားတယ်ဆိုတဲ့ မှတ်တမ်းကိုလည်း တွေ့လိုက်သေးတယ်။ အဲ့တာက မယုံနိုင်စရာပဲ။

ဒီရာသီတော့ ရပ်တန့်လို့ မရတော့ပါဘူး။ ဘယ်သူကမှ ကျနော်တို့ကို အနိုင်မယူနိုင်ပါဘူး။ အဲ့တာက မယုံနိုင်စရာပါပဲ ’ လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။