အာဆင်နယ်အသင်းဟာ မန်စီးတီး အစွန်လူ ကန်ဆယ်လိုကို ဒီနွေမှာ ခေါ်ယူလိုပေမယ့် မန်ချက်စတာ ကလပ်ဘက်က ရောင်းချပေးခြင်း မရှိတော့မှာကို စိုးရိမ်နေပါတယ်။

စပါး၊ ရီးရဲလ်မက်ဒရစ်တို့ဖြင့် သတင်းထွက်နေပေမယ့်လို့ လေဗာကူဆင် အသင်းမှာပဲ ဆက်ရှိနေမှာပါလို့ အလွန်ဆိုက ထုတ်ပြောပါတယ်။

ဘာစီလိုနာဟာ နွေမှာ ထွက်ခွာမယ့် ဘက်စ်ကွက်နေရာ အစားထိုးဖို့ ဘိုင်ယန်မြူးနစ်မှ ကမ်မစ်ကို စိတ်ဝင်စားနေပါတယ်။ ကစ်မစ် ကိုယ်တိုင်က ဒီစိန်ခေါ်မှုကို လက်ခံမယ်လို့ ကက်တလန်ကလပ်ဘက်က မျှော်လင့်နေပါတယ်။

တိုက်စစ်မှူး ဗင်နီးဆီးယက်စ်ဟာ အနာဂတ်မှာ ပရီးမီးယားလိဂ်ထံ ပြောင်းလာနိုင်ပေမယ့်လို့ ဒီတလောမှာတော့ ရီးရဲလ်မက်ဒရစ်မှာ ဆက်ရှိနေဦးမှာပါလို့ အေးဂျင့်ဖြစ်သူက ထုတ်ပြောလာပါတယ်။

ဘာစီလိုနာဟာ မန်စီးတီး ကွင်းလယ်လူ ဂွမ်ဒိုဂန်ကို ခေါ်ယူရေး နှုတ်အားဖြင့် ကတိရထားပြီလို့ စပိန်သတင်းဌာနတွေက ဖော်ပြပါတယ်။

ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာမယ့် မာနေးကို ခေါ်ယူနိုင်တဲ့ ကလပ်တွေထဲမှာ မန်ချက်စတာ ယူနိုက်တက်ကလည်း အံ့အားသင့်ဖွယ် ပါဝင်နေပါတယ်။ နယူးကာဆယ်ကလည်း မာနေးကို စိတ်ဝင်စားနေတဲ့ ကလပ်ဖြစ်ပါတယ်။

အာဆင်နယ်ကွင်းလယ်လူ ရှာခါဟာ ဒီနွေမှာ လေဗာကူဆင်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းနဲ့ ရောက်ရှိသွားဖွယ် ရှိနေပါတယ်။

ဆောက်သမ်တန် အသင်းခေါင်းဆောင် ဝေါ့ပရောက်စ်ကို ခေါ်ယူဖို့ စပါးအသင်းက ကြိုးစားသွားတော့မှာ ဖြစ်ပါတယ်။

ဘရိုက်တန်အသင်းဟာ ဒေါ့မွန်ကွင်းလယ်လူ ဒါဟိုဒ့်ကို ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်ကာ ဆေးစစ်မှုတွေပါ ပြီးမြောက်ထားပြီလို့ သိရပါတယ်။