လီဗာပူးကနေ အလွတ်နဲ့ ထွက်ခွာလာပြီ ဖြစ်တဲ့ ဘရာဇီး တိုက်စစ်မှုး ဖာမီနို ကို ဘာစီလိုနာနဲ့ မေဂျာလိဂ်ကလပ်တွေ ချိတ်ဆက်နေတဲ့ အပြင် ရီးရဲလ်မက်ဒရစ်ကလည်း ချိန်ရွယ်လာပါတယ်။

ဘိုင်ယန်မြူးနစ်က ယူရို သန်း ၇၀ နဲ့ ဝယ်ယူခွင့်ကို အသက်သွင်းမှာ မဟုတ်တာကြောင့် ကန်ဆယ်လို က မိခင်ကလပ် မန်စီးတီးအသင်းထံ ပြန်လာရမှာပါ။ ဒါပေမယ့် စီးတီးက ဒီနွေမှာ ကန်ဆယ်လို ကို ရောင်းချဖို့ စီစဉ်နေကြောင်း သတင်းထောက် ရိုမန်ုနိုက အခိုင်အမာ ဆိုထားပါတယ်။

နယူးကာဆယ် အသင်းဟာ မန်စီးတီး ချိန်ရွယ်လာတဲ့ သူတို့ ကြယ်ပွင့် ကစားသမား ဘရူနို ဂွီးမားရက်စ် အတွက် တန်ကြေး ပေါင် ၈၇ သန်း လို့ သတ်မှတ်လိုက်ကြောင်း The Times မှာ ဖော်ပြလာပါတယ်။

နယ်သာလန်ကလပ် ဖီယွန်နုအသင်းဟာ ယူနိုက်တက် လူငယ်ကြယ်ပွင့် အာမက် ဒီယာလို ကို ခေါ်ယူဖို့ စိတ်ဝင်စား လာပါတယ်။ ဒီယာလိုဟာ ဒီရာသီ ဆန်းဒါးလန်းမှာ အငှား ထွက် ကစားရင်း ခြေစွမ်းပြခဲ့သူပါ။

စီးတီး နည်းပြ ပက် ဂွာဒီယိုလာက ပီအက်စ်ဂျီ ကြယ်ပွင့် နေမာထံ ဖုန်းခေါ်ပြီး နွေ အပြောင်းအရွှေ့မှာ ဘယ်လို သဘောထား ရှိသလဲ မေးမြန်းထားကြောင်း ပြင်သစ် သတင်းတွေက ဖော်ပြလာပါတယ်။

ယူနိုက်တက် ကွင်းလယ်ကစားသမား ဖရက်ဒ် ကို လန်ဒန်ကလပ် ဖူလ်ဟမ် အသင်းက အလေးအနက် စိတ်ဝင်စားနေကြောင်း မန်ချက်စတာ ညနေခင်း သတင်းက ဖော်ပြလာပါတယ်။

The Athletic သတင်းဌာန အဆိုအရ ချယ်ဆီး ကွင်းလယ် ကစားသမား မေဆန်မောင့်ဟာ ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ များနေပြီ လို့ သိရပါတယ်။

လီဗာပူးအသင်းဟာ ဘာစီလိုနာကနေ ထွက်ချင်နေတဲ့ ခံစစ်သမား ကွန်ဒီကို ပေါင် ၅၂ သန်းဖြင့် ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်းထွက်နေပါတယ်။

ဘရာဇီးလက်ရွေးစင် အသင်းကတော့ ရီးရဲလ် နည်းပြ အန်ဆယ်လော့တီကို နည်းပြ အဖြစ် ခန့်အပ်ဖို့ ရည်ရွယ်ထားဆဲ ဖြစ်ကြောင်း The Athletic သတင်းက ဆိုပါတယ်။

ချယ်ဆီးအသင်းဟာ ပိုချက်တီနို ကို နည်းပြသစ် အဖြစ် ၂ နှစ် စာချုပ်နဲ့ ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။ စာချုပ်မှာ နောက်ထပ် တစ်နှစ် ထပ်တိုးခွင့်လည်း ထည့်သွင်းထားပါတယ်။

ဘိုင်ယန်မြူးနစ်မှာ ထိပ်သီး အကြီးအကဲတွေ အပြောင်းအလဲ ရှိပေမယ့် နည်းပြ တူချယ်ကတော့ ရာထူး ဆက်မြဲနေမှာ ဖြစ်ပါတယ်။