အင်္ဂလန်အသင်းရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲတွေကိုတော့ ကွင်းလယ်လူ ဘယ်လင်ဟမ် လွဲချော်သွားမယ်လို့ သိရပါတယ်။

ဘွန်ဒက်လီဂါ ကလပ် ဒေါ့မွန်အသင်းရဲ့ ရာသီသိမ်းပွဲ ဖြစ်သလို အမှတ်ပေးဖလား အောင်မြင်ရေး အရေးကြီးပွဲလည်း ဖြစ်တဲ့ မိန်စ့်နဲ့ပွဲမှာ ဘယ်လင်ဟမ်ရဲ့ ဒဏ်ရာ ပေါ်ပေါက်လာခဲ့တာပါ။ သူ့ရဲ့ ဒဏ်ရာဟာ ခွဲစိတ်ခံရဖို့တော့ များနေပြီး အဲ့ဒါမှ အခြေအနေ ပိုကောင်းလာမယ်လို့ သိရတယ်။

ဒေါ့မွန်မန်နေဂျာ တာဇစ်ကတော့ ‘ မိန်စ့်ပွဲ မတိုင်ခင်မှာ သူခံစားချက် မကောင်းပါဘူး။ ပွဲကစားလို့ မရနိုင်လောက်ဘူးလို့ ခံစားမိကြောင်း သူ အကြောင်းကြားလာခဲ့တယ်။ လိုအပ်မယ်ဆိုရင် မိနစ်ပိုင်းတော့ သူ့ကို ပွဲထုတ်လို့ ရခဲ့ပါတယ်။ သူကလည်း အတော်လေး ဝမ်းနည်း စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။

သူ့ကို အောင်နိုင်သူအဖြစ် ကျနော်တို့ မြင်ပါတယ်။ သူ့ကစားသမားဘဝမှာ ဆုဖလားတွေ အများကြီး အောင်မြင်ဦးမှာပါ။ အဲ့အတွက် သူ ကျန်းမာနေဖို့ ကြံ့ခိုင်နေဖို့ လိုပါတယ်။ အမြန်ဆုံး ပြန်သက်လာဖို့ လိုပါတယ် ’ လို့ ပြောဆိုခဲ့တယ်။

ဒဏ်ရာကို ခွဲစိတ်လိုက်တာကပဲ ဘယ်လင်ဟမ်မှာ မကြာခဏဖြစ်နေတဲ့ ကြံ့ခိုင်မှု ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဖြစ်လာစေမယ် လို့လည်း ယုံကြည်နေကြပါတယ်။

ဘွန်ဒက်လီဂါရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရှင်ဟာ ဒီနွေမှာ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းမယ်လို့လည်း သတင်းကြီးထားပါတယ်။

ဒူးဒဏ်ရာ ခွဲစိတ်ရမယ်ဆိုပေမယ့် ဘယ်လင်ဟမ်ရဲ့ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ရေး ပျယ်ပြယ်မှာ မဟုတ်ဘဲ အစီအစဉ်အတိုင်း ပြီးမြောက်ဖို့ ရှိပါတယ်။ ဘယ်လင်ဟမ်ဟာ ကနဦး ယူရို သန်း ၁၀၀ ဆိုတဲ့ ပြောင်းရွှေ့ကြေးနဲ့ လာလီဂါကလပ်ထံ ကူးပြောင်းသွားမှာ ဖြစ်ပါတယ်။