ကွင်းလယ် ကစားသမား ကိုဗာဆစ် ကို ခေါ်ယူလိုနေတဲ့ မန်စီးတီးအသင်းအား ဆွေးနွေးဖို့ ချယ်ဆီးအသင်းဘက်က လမ်းဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ချယ်ဆီး ကွင်းလယ်ကစားသမား မေဆန်မောင့်ဟာ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့ပြီ လို့ တယ်လီဂရပ်ဖ် သတင်း က ဖော်ပြလာပါတယ်။

လီဗာပူးအသင်းဟာ မွန်ချင်ဂလာဘတ် အသင်းမှ ကွင်းလယ် ကစားသမား မန်နူကိုနေးကို ခေါ်ယူဖို့ ပစ်မှတ်ထား လာပါတယ်။ အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ ယူရို သန်း ၄ဝ ဝန်းကျင် တန်ကြေး ရှိပါတယ်။

လော့ဖ်တပ်ချိစ်ဟာ အေစီမီလန် အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း အီတလီ သတင်းတွေက ဆိုပါတယ်။ ချယ်ဆီးက ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ တောင်းဆိုနေပြီး အေစီမီလန်ကတော့ ယူရို ၁၅ သန်း + ဘောနပ်စ်နဲ့ ကမ်းလှမ်းနေတာကြောင့် ကြေး ညှိနှိုင်းနေဆဲပါ။

စပါးအသင်းဟာ ဂျူဗင်တပ်ကနေ အငှား ခေါ်ထားတဲ့ ကူလူဆက်ဗ်စကီးကို ပေါင် ၃၁ သန်းနဲ့ ဝယ်ယူခွင့် အသက်သွင်းဖို့ ပြင်ဆင်နေကြောင်း The Athletic သတင်းက ဖော်ပြလာပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား မက် တော်မီနေးကို နယူးကာဆယ် အသင်းက အလိုရှိနေဆဲ ဖြစ်ပါတယ်။ ၎င်းကို ဇန်နဝါရီတည်းက ခေါ်ယူဖို့ နည်းပြ အက်ဒီဟောင်းက ကြိုးစားခဲ့တာပါ။

ကန်ဆယ်လို ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက ဘာစီလိုနာ အသင်းထံ ရောက်ဖို့ နီးစပ်ခဲ့ပေမယ့် မန်စီးတီးက ကန့်ကွက် တားဆီးခဲ့တယ်လို့ ဘာစီလိုနာ နည်းပြ ဇာဗီက ဖော်ထုတ်လိုက်ပါတယ်။

အာဆင်နယ် အသင်းဟာ နောက်ခံလူ ဆာလီဘာကို သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရ ဖြစ်နေပါတယ်။ ပြင်သစ်သားရဲ့ လစာ တောင်းဆိုမှုက များလွန်းေ်နတယ် လို့ သိရပြီး ဒီအခြေအနေကို ပီအက်စ်ဂျီကလည်း စောင့်ကြည့်နေပါတယ်။

ဘရာဇီး ကြယ်ပွင့် နေမာကတော့ နောက်ရာသီမှာ ပီအက်စ်ဂျီ မဟုတ်ရင် မန်ချက်စတာ ယူနိုက်တက်မှာပဲ ကစားလိုနေကြောင်း သတင်း ထွက်ပေါ်လာပါတယ်။ ဒါကြောင့် နွေမှာ အသင်းပြောင်းဖြစ်ရင် ယူနိုက်တက် ကိုသာ ပြောင်းမယ့် သဘော ဖြစ်လာပါတယ်။

လီဗာပူးအသင်းဟာ ပြင်သစ်ကလပ် Nice အသင်း ကွင်းလယ် ကစားသမား ခီဖရမ် သူရမ် ကိုလည်း စောင့်ကြည့်နေကြောင်း သတင်း ထွက်နေပါတယ်။ ကလော့ပ်ရဲ့ အသင်းဟာ သူရမ်နဲ့ စကားပြောဆိုနေတာ သီတင်းပတ် အနည်းငယ် ကြာနေပြီလို့လည်း သိရပါတယ်။

ချယ်ဆီး နည်းပြသစ် ဖြစ်လာတဲ့ ပိုချက်တီနို ဟာ စီနီယာ အသင်းသာ ၁၅ ယောက် ရောင်းထုတ်ပြီး ပေါင် သန်း ၂၈၀ လောက် ပြန်ရှာဖို့ စီစဉ်နေပါတယ်။