လာမယ့်ရာသီမှာ မန်စီးတီးထံက ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို လွှဲပြောင်းယူနိုင်ဖို့ ပြိုင်ဘက် အသင်းတွေဘက်က ပိုမို အားထုတ်လာမယ်လို့ စီးတီး တိုက်စစ်မှုးဟောင်း အဂွယ်ရို က မျှော်လင့်ထားပါတယ်။

စီးတီးဟာ နောက်ဆုံး ၆ ရာသီအတွင်း ၅ ကြိမ်မြောက် ချန်ပီယံ အဖြစ် ဒီရာသီမှာ ရခဲ့သော်လည်း အင်္ဂလန်မှာ ကြီး ၆ ကြီး ကလပ်တွေအပြင် နယူးကာဆယ်ကလည်း တိုးတက်လာတာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး ဟာ ယခင်ကထက် ပိုမို ခက်ခဲလာတော့မှာပါ။

အဂွယ်ရိုကတော့ လာမယ့်ရာသီ စီးတီးရဲ့ အဓိက ပြိုင်ဘက်အဖြစ် အာတီတာ ဦးဆောင်တဲ့ အာဆင်နယ်အသင်း ဆက်ရှိနေမယ်လို့ ယုံကြည်နေပြီး နည်းပြတန်ဟက်ရဲ့ အသင်းကိုလည်း လျှော့မတွက်ခဲ့ပါဘူး။

အဂွယ်ရိုက ‘ နှစ်တိုင်းလိုပဲ လာမယ့်ရာသီမှာလည်း စီးတီးကို ဆုဖလားတွေ အနိုင်ရအောင် ဂွာဒီယိုလာက ဆက်လက် ဦးဆောင်ပေးမှာပါ။ ဒါပေမယ့် ပရီးမီးယားလိဂ်က ပြိုင်ဆိုင်မှု ပြင်းထန်သလို ဒါက ဘောလုံးဖြစ်ပါတယ်။ အခြားသော အသင်းတွေကလည်း စီးတီးကို နန်းချဖို့ ကြိုးစားလာပါဦးမယ်။

အာဆင်နယ်က သူတို့သွားမယ့် ခရီးရှည်ကြီးမှာ အရေးပါတဲ့ လူငယ်ကစားသမား အစုအဖွဲ့ကို စုစည်းထားတယ်လို့ ထင်ပါတယ်။ အာတီတာက သူ့လူစာရင်းတွေကို ထပ်မံ အားဖြည့်ပြီး နောက်ရာသီ ပြိုင်ဘက်တွေကို အနိုင်ယူဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကိုလည်း မေ့ဖို့ မသင့်ပါဘူး။ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ဖို့ စိတ်ဓါတ်ကောင်းတွေ ပြန်ရနေပြီး စီးတီးကို အနိုင်ယူလိုတဲ့ အသင်းတွေထဲမှာ သူတို့လည်း ပါပါတယ်။ ’ လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။