မန်စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ထိပ်တိုက် တွေ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကတော့ မနက်ဖြန် စနေနေ့ည ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားတော့မှာပါ။

ဝါရင့် ဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ အက်ဖ်အေဖလား ဗိုလ်လုပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

အက်ဖ်အေဖလား ဖိုင်နယ်ကတော့ မန်ချက်စတာ ယူနိုက်တက် အတွက် သူတို့ မြို့ခံပြိုင်ဘက်အသင်း ဖလား ၃ လုံးရသွားမှာကို တားဆီးနိုင်တဲ့ တခုတည်းသော အခွင့်အရေး ဖြစ်ပါတယ်။ သူတို့မှာ အခွင့်အရေး ရှိလိမ့်မယ်လို့လည်း ကျနော် ထင်တယ်၊ ယုံချင်မှတော့ ယုံကြပေါ့ဗျာ။ ပက် ဂွာဒီယိုလာရဲ့ အသင်းကလည်း ဒဏ်ရာတွေနဲ့ ရင်ဆိုင်ရဖို့ ရှိလိမ့်မယ်။

မန်ချက်စတာ ယူနိုက်တက်က ကောင်တာတွေမှာ အန္တရာယ်ပေးနိုင်ပါတယ်။ သူတို့ ကွင်းထဲမှာ အစွမ်းကုန် တွန်းတင် ကစားမှာ သေချာပါတယ်။

ကျနော်သာ ဆိုရင် မားကပ် ရက်ဖို့ဒ်ကို တဖက်မှာ နေရာပေးပြီး နောက် တောင်ပံတဖက်မှာ ဂနာချို ကို ကစားခိုင်းမှာပါ။ ဆန်ချိုကလည်း လွတ်လွတ်လပ်လပ် free role နံပါတ် ၁ဝ အနေနဲ့ ကစားနိုင်ပါတယ်။ ဒါဆို မန်ချက်စတာ စီးတီး နည်းနည်းတော့ ခေါင်းစားသွားရလိမ့်မယ်။ ဒါဆို စတုန်း ကိုလည်း ကွင်းလယ် ဝင် မကစားအောင် ဟန့်တားနိုင်မယ်။ သူ တက်တာနဲ့ ဂနာချို၊ ရက်ဖို့ဒ်တို့ နေရာလွတ်တွေ ဝင် ကစားလာလိမ့်မယ်။

ဆန်ချိုက ကွင်းလယ်ကို ဆင်း ကစားမယ် ဆိုရင် မန်စီးတီးက ကွင်းလယ်မှာ လွှမ်းမိုးနိုင်မှာ မဟုတ်တော့ဘူး။ အဲဒါက သူ့ အကောင်းဆုံး နေရာပဲ လို့ ကျနော် ထင်တယ်။ မန်ချက်စတာ ယူနိုက်တက်မှာ မာရှယ် ရဲ့ ဗားရှင်းတွေက အမျိုးမျိုး ရှိတယ်။ ဘယ်လို ပုံစံမျိုးကို သူတို့ လိုချင်မှာလဲ။ သူက သိပ်တော်ပါတယ်၊ ဒါပေမယ့် ဘယ်နှခါရော သူ လုပ်ပြခဲ့သလဲ။ ဒီဖိုင်နယ်ပွဲမှာတော့ ယူနိုက်တက်က ဘယ်လူပို တစ်ယောက်ကိုမှ ထည့် ထားလို့ မရဘူး။

ကျနော်သာ ဆိုရင် မားကပ် ရက်ဖို့ဒ်နဲ့ ညာတောင်ပံမှာ ကစားဖို့ တွေးမှာပါ။ ဘယ်ခြမ်းမှာ ဆို သူ ဝေါ်ကာနဲ့ တွေ့လိမ့်မယ်။ စီးတီးရဲ့ အမြန်ဆုံး နောက်ခံလူက ယူနိုက်တက်ရဲ့ ခြိမ်းခြောက်နိုင်စွမ်း အရှိဆုံးသူကို အကပ် ခံထားမှာလား တွေးရမှာပါ။ ဒါကို မန်ချက်စတာ ယူနိုက်တက် ထည့်တွက်ရလိမ့်မယ်။ ဒီပွဲမှာ အောင်နိုင်သူက တစ်ယောက်ပဲ ရှိမှာ။

မန်စီးတီးကလည်း အားကောင်းတဲ့ လူစာရင်းနဲ့ အသင်းကောင်း တစ်သင်း ဖြစ်တယ်။ ဒါကြောင့်လည်း ဖလား ၃ လုံး စိန်ခေါ်နိုင်တာပါ။ ကစားသမားတွေ အကုန်လုံးကတော့ ဒီအပတ်မှာ ထည့် ကစားနိုင်မှာ မဟုတ်ဘူး။

သူတို့ အရန် ကစားသမားတွေက မန်ချက်စတာ ယူနိုက်တက် ပွဲထွက် လူစာရင်းမှာတောင် နေရာရနိုင်ပါတယ်။ ဂျူလီယန် အဲဗာရက်စ် ဆိုရင်လည်း သူသာ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဆိုရင် သေချာပေါက် ပွဲထွက်ရမှာပါ။

အာလင်း ဟာလန်း ကလည်း ဂျက် ဂရေးလစ်ချ်နဲ့ သေချာပေါက် တွဲ ကစားလာမှာပါ။ ဒါပေမယ့် ဂရေးလစ်ချ်က ဝမ် ဘစ်ဆာကာနဲ့ ယှဉ်ရမယ်။ ကစားသမား နှစ်ယောက်လုံးက သူ့နယ်နဲ့ သူ အကောင်းဆုံး သူတွေ ဖြစ်နေတော့ ကြည့်ကောင်းတဲ့ အားပြိုင်မှု တွေ့ရမှာပါ။

အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မာရက်ဇ် ပါဝင် ကစားမယ် ဆိုရင် အံ့သြမိမှာ မဟုတ်ဘူး။ ဘာနာဒို ဆေးလ်ဗား က ဥရောပ ဗိုလ်လုပွဲမှာ ပါဝင်မှာပါ။ မန်ယူနိုက်တက် ကလည်း ဟာလန်းကြောင့် ခံစစ်ကို သေချာ ပိတ် ကစားမှာပါ။

ပရီးမီးယားလိဂ်မှ တခြား အသင်းတွေ ဆိုရင် ပက် ဂွာဒီယိုလာ ဘာလုပ်မလဲ တွေးဖို့ထက် မန်စီးတီးကို အခက်တွေ့အောင်ပဲ ပြင်ဆင်လာကြမှာပါ။ မန်ချက်စတာ ယူနိုက်တက်ကတော့ ပွဲကို ပိုခက်အောင် လုပ်ပါလိမ့်မယ်။ သူတို့ နိုင်တဲ့ပွဲတွေတောင် ပြိုင်ဘက်ကို အခွင့်အရေးတွေ ယူနိုက်တက်က အတော်ပေးသေးတာပါ။

တန်ဟက်ရဲ့ အသင်းက ပထမပိုင်း ပြီးသည်ထိ တစ်ဂိုးမှ မပေးရအောင် ထိန်းနိုင်ရင် ဒုတိယပိုင်းပါ ယှဉ်ကစားပြီး ဆွဲသွားနိုင်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကတော့ ဒီအပတ်ကနေ စပါယ်ရှယ် တစ်ခုခု ဖြစ်လာဖို့ မျှော်လင့်ရမှာပါ။

နှစ်သင်းလုံး အဲဒီပွဲမှာ သိပ်ကောင်းကောင်း ကစားနိုင်ရင်တောင် အနိုင်ရမယ့် အသင်းက တစ်သင်းပဲ ရှိပါမယ်။ မန်စီးတီးက ဒီရာသီ ပို ကောင်းတဲ့ အသင်း ဖြစ်ခဲ့ပြီး ဒီ ဗိုလ်လုပွဲမှာလည်း သူတို့ပဲ နိုင်သွားပါလိမ့်မယ်။

ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်ကတော့ မန်စီးတီး ၃-၀ မန်ချက်စတာ ယူနိုက်တက် လို့ ဆိုထားပါတယ်။