မန်ချက်စတာ မြို့ခံ နှစ်သင်း ဖြစ်တဲ့ စီးတီးနဲ့ယူနိုက်တက် တို့ဟာ ဒီနေ့ စနေနေ့ည မြန်မာစံတော်ချိန် ၈နာရီခွဲ အချိန်၊ ဝင်ဘာလေကွင်းကြီးမှာ အက်ဖ်အေဖလား ဖိုင်နယ်ပွဲ အဖြစ် ထိပ်တိုက်တွေ့ကာ ဗိုလ်လုကြတော့မှာ ဖြစ်ပါတယ်။

ဒီပွဲစဉ်အတွက် ပရီးမီးယားလိဂ် ဆရာကြီးတွေ ဖြစ်ကြတဲ့ မီကာရစ်ချက်၊ ခရစ်ဆက်တန်၊ မာတင်ကီယွန် တို့ ကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

မီကာရစ်ချက် ခန့်မှန်းချက်

စီးတီးက ဘောလုံးပိုင်ဆိုင်မှုကတော့ အသာရမှာပဲ။ ဒါပေမယ့် ဒါက ပွဲရလဒ်အပေါ် တိုက်ရိုက်ကြီး သက်ရောက်မယ်တော့ မထင်ဘူး။ ဒီနှစ်သင်း ပွဲကို ဇန်နဝါရီတုန်းက ကျနော် ကြည့်ခဲ့တယ်။ မားကပ် ရက်ဖို့ဒ်ရဲ့ ပွဲ အပေါ် ခြိမ်းခြောက်နိုင်စွမ်းက လန့်စရာပါ။ သူက ကွင်းလယ် တလျောက် ရှေ့နောက် ပြေးလွှား မွှေနှောက်နိုင်တယ်။

တန်ဟက် အနေနဲ့ ဝေါ်ကာနဲ့ ဂနာချိုကို ပေးတွေ့မယ် ဆို စိတ်ဝင်စားစရာ ကောင်းမှာပါ။ ဒါပေမယ့် မန်စီးတီးမှာ လူ အလဲအလှယ် လုပ်ပြီး ဖြေရှင်းနိုင်စရာတွေ များပါတယ်။

မီကာရစ်ချက် ခန့်မှန်းရလဒ်။ ။ စီးတီး ၂-၁ ယူနိုက်တက်

ခရစ်ဆက်တန် ခန့်မှန်းချက်

စီးတီးရဲ့ ကြယ်ပွင့်တွေကတော့ ဒီပွဲကို ကစားဖို့ ခြေပြင်ပြီး အတော်တက်ကြွနေလောက်ပါပြီ။ သူတို့သာ သူတို့ အကောင်းဆုံး ပုံစံနီးပါးလောက် ခြေစွမ်း ထုတ်နိုင်ရင် သက်တောင့်သက်သာကို အနိုင်ရမှာပါ။

ယူနိုက်တက်ဟာ နည်းပြ အဲရစ်တန်ဟက် စတင် ကိုင်တွယ်တဲ့ ပထမဆုံးရာသီ ဖြစ်တာကို ထည့်တွက်မယ် ဆိုရင် အတော် ကောင်းတဲ့ ဘောလုံးရာသီ ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် စီးတီးက ခြေတွေ့နေရင် ယူနိုက်တက် အတွက် သိပ်တောင့်တင်းတဲ့ ပြိုင်ဘက် ဖြစ်ပါမယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ စီးတီး ၃-၀ ယူနိုက်တက်

မာတင်ကီယွန်

စီးတီးက ဒီရာသီ အကောင်းဆုံး ပုံစံတွေ ရနေတာပါ။ သူတို့ ပြိုင်ဘက်ရဲ့ ခက်ထန်မှုကြောင်း အကောင်းပုံစံတွေ ထွက်လာပါလိမ့်ဦးမယ်။

ကီယွန် ခန့်မှန်းရလဒ်။ ။ စီးတီး ၃-၁ ယူနိုက်တက်