ချယ်ဆီးက စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေတဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ် ကစားသမား ကန်တေ ကို ဆော်ဒီ အာရေဗျ ဘက်က ချဉ်းကပ်နေတယ်လို့ သတင်း ထွက်ပေါ်နေပါတယ်။

ဝက်စ်ဟမ်း အသင်းဟာ နောက်အပတ် ဖီအိုရင်တီးနားနဲ့ ယူရိုပါကွန်းဖရန့်လိဂ် ဖိုင်နယ်မှာသာ အရေးနိမ့်ရင် နည်းပြ မိုယက်စ်ကို ထုတ်ပယ်ဖို့ ပြင်ဆင်နေပါတယ်။

အာဆင်နယ်အသင်းဟာ ဒီနွေမှာ PSV ကွင်းလယ် ကြယ်ပွင့် ဇာဗီ ဆိုင်မွန်စ် ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် နယ်သာလန်သားကို ပီအက်စ်ဂျီ အသင်းက ယူရို ၁၂ သန်း buy-back နဲ့ ပြန် ခေါ်သွားမှာကိုလည်း အာတီတာက စိုးရိမ်နေရပါတယ်။

ဒီကလန်ရိုက်စ် ဟာ ဘွန်ဒစ်လီဂါကလပ် ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ဖို့ လမ်းဖွင့်လာပြီ ဖြစ်ပါတယ်။ အာဆင်နယ် ကို ကျော်ဖြတ်ပြီး ရိုက်စ်ကို အရ ခေါ်နိုင်ဖို့ ဘိုင်ယန် နည်းပြ တူချယ် ကိုယ်တိုင် ပါဝင် ကြိုးစားနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကလည်း ဒီကလန် ရိုက်စ်ကို ရဖို့ ပြောင်းရွှေ့ကြေး + တော်မီနေး အလိုက်ပေးပြီး ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ ကိုင်ဟာဗက်ဇ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း လောက် ပေးချင်ပေမယ့် ချယ်ဆီးကတော့ ယူရို သန်း ၁ဝဝ ဈေးခေါ်နေပါတယ်။

ဒီနွေမှာ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်ကုန်ဆုံးလို့ ထွက်ခွာတော့မယ့် ရာမို့စ်ကိုလည်း ဆော်ဒီကလပ်တွေက ချဉ်းကပ် ချိတ်ဆက်နေကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ထားပါတယ်။

ဒီနွေမှာ ဝုဗ်အသင်းနဲ့ စာချုပ်ကုန်ဆုံးသွားကြပြီ ဖြစ်တဲ့ မော်တင်ဟို၊ ထရာအိုရေးနဲ့ ဒီယေဂို ကော်စတာ တို့ ၃ဦး လုံးဟာ အသင်းကနေ ထွက်ခွာပြီ ဖြစ်ပါတယ်။ ထရာအိုရေးကိုတော့ ဝုဗ်က သက်တမ်းတိုးဖို့ ဆွေးနွေးနေဆဲပါ။